Monday, March 28, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၇၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂ဝ၁၆ ခုနှစ် (၇၁)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြုသည်။
 ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများနှင့်ဇနီးများ၊ လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ရေးပြမှူးကြီးနှင့် စစ်ကြောင်းမှူးများ၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ သီဟသူရဘွဲ့၊ သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူများနှင့် အမွေခံများ၊NCA လက်မှတ် ရေးထိုးထားသည့် စာမျက်နှာ ၃ ကော်လံ ၁ သို့ စ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲများတွင် ဆုရရှိ ကြသူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

(၇၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ မြဝတီတေးဂီတအဖွဲ့နှင့်တွဲဖက်၍ အနုပညာရှင်များက တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ညစာစားပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန်သဘင်ဆောင်ခန်းမ၌ မြဝတီအငြိမ့်အဖွဲ့နှင့် နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ယဉ်ကျေးမှုအက ပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။ 

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ကပြဖျော်ဖြေကြသည့် အနုပညာရှင်များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကြသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment