Wednesday, March 30, 2016

နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ထံ နိုင်ငံတော်သမ္မတတာဝန်များ လွှဲပြောင်းပေးအပ်


 
နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတအသစ် အဖြစ် ရွေးချယ်ခြင်းခံထားရသည့် ဦးထင်ကျော်ထံ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးအပ်သည့်ကြေညာချက် ကို ပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ အဆောင် အယောင်ရွှေစလွယ်ကို နိုင်ငံတော်သမ္မတအသစ်အဖြစ် ရွေးချယ်ခြင်းခံထားရ သည့် ဦးထင်ကျော်ထံ လွှဲပြောင်းပေးအပ်ပြီးအခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံတော်သမ္မတ အသစ် ဦးထင်ကျော်တို့ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းနှင့် တက်ရောက်လာကြသူများက ဒုတိယသမ္မတအသစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ အသစ် ဦးဟင်နရီဗန်ထီးယူနှင့် တက်ရောက်လာကြသော ပြည်ထောင်စု ၀န်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment