Tuesday, March 29, 2016

မြန်မာနိုင်ငံရှိ အိမ်ခန်းများ စင်ကာပူတွင် ရောင်းသည့်ပြပွဲ၌ ကျပ်သိန်းပေါင်းတစ်သိန်းကျော်အထိရနိုင်ဟု ခန့်မှန်း

 မြန်မာနိုင်ငံမှ လူနေအ ခန်းများကို စင်ကာပူနိုင်ငံတွင်ပြသခဲ့သည့် အိမ်ခြံမြေပြပွဲမှ ရောင်းရငွေသည် ကျပ်သိန်းပေါင်းကိုးသောင်းကျော်မှ တစ်သိန်းကျော်အထိရှိနိုင်ကြောင်း ပြပွဲပြုလုပ်သူများက ခန့်မှန်းသည်။

စင်ကာပူနိုင်ငံတွင် ဒုတိယ အကြိမ်မြောက် ပြုလုပ်သည့် မြန်မာ့အကြီးဆုံးအိမ်ခြံမြေ ပြပွဲသည် ပထမအကြိမ်ထက် စိတ်ဝင်စားသူများပြားပြီး ၀ယ်ယူသူများပြားနိုင်သောကြောင့် ယခုကဲ့သို့ ၀င်ငွေစံချိန်တင်ရရှိရန် မျှော်လင့်ထားသည်။ စင်ကာပူနိုင်ငံတွင် သွား ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလူမျိုးအများစု နေထိုင်ရာ ပင်နီဆူလာပလာဇာအနီးရှိ Grand park city hall ၌ အဆိုပါပြပွဲကို မတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြပွဲသို့ ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် ကုမ္ပဏီ ၁၁ ခုမှ တိုက်ခန်းပေါင်း ၂,၀၀၀ ကျော် ရောင်းချခဲ့ပြီး ပြပွဲရက်အ တွင်း စိတ်ဝင်စားမှုလွန်စွာများ ပြားကာအရစ်ကျစနစ်ဖြင့် ရောင်း ချခြင်းကြောင့် အောင်မြင်ကြောင်း ပြပွဲကျင်းပပြုလုပ်သူများက ဆို သည်။ ယခုပြပွဲတွင် နိုင်ငံခြားသား များဝယ်ယူနိုင်သည့် ကွန်ဒိုဥပဒေ ကို မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သောကြောင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများအပြင် နိုင်ငံခြားသားများ ၀ယ်ယူခဲ့သောကြောင့် ရောင်းအား မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Imyanmar house မှ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ဆိုသည်။
‘‘အခုပွဲမှာ ထပ်ဆောက်မယ့် ကွန်ဒိုအသစ်တွေပါတယ်။ ကွန်ဒို ဥပဒေကလည်း အတည်ဖြစ်သွား တော့ ကုမ္ပဏီတစ်ခုကို အခန်း ၃၀ ကနေ ၅၀ လောက်ထိ ရောင်း ရတယ်။ နိုင်ငံခြားသားတွေဝယ် တာလည်းများတယ်’’ ဟု သွား ရောက်ပြသခဲ့သည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
ပြပွဲအတွင်း ရောင်းချခဲ့သည့် အခန်းအရေအတွက်နှင့် ရောင်းချနိုင်သည့် ငွေပမာဏကိုမူ မတွက်ချက်ရသေး၍ ထုတ်ပြန်ခြင်း မရှိပေ။ စင်ကာပူနိုင်ငံတွင် ၂၀၁၅ အောက်တိုဘာက အိမ်ခြံမြေပြပွဲကို ပထမဆုံးအကြိမ်ပြုလုပ်ဖူး ပြီး ယင်းကာလ၌ မြန်မာငွေကျပ် သိန်းပေါင်း ခုနစ်သောင်းအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Credeit To >>> 7Day Daily

0 comments:

Post a Comment