Tuesday, March 29, 2016

ဆီးချို ဝေဒနာရှင်များကို အထောက်အကူ ဖြစ်စေမည့် Wearable Device ဖန်တီး


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အခြေခံသိပ္ပံ အင်စတီကျုမှ ပညာရှင်များသည် ဆီးချို ဝေဒနာရှင်များ အတွက် အထောက်အကူ ဖြစ်စေမည့် Wearable Device တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်ဟု ပီစီမဂ္ဂဇင်းက ဖော်ပြသည်။

အဆိုပါ Wearable Device သည် လက်ကောက်ဝတ်တွင် ဝတ်ဆင်၍ အသုံးပြုရမည် ဖြစ်ကာ ဆီးချို ဝေဒနာရှင်များတွင် ရောဂါ အတက်အကျနှင့် ရောဂါ အခြေအနေ ပြောင်းလဲမှုများကို အဆုံးအဖြတ် ပေးရာတွင် အဓိကကျသည့် သွေးတွင်း သကြားဓာတ် အခြေအနေကို စောင့်ကြည့်ပေးမည့် ကိရိယာဖြစ်သည်။ ယင်းကိရိယာသည် ပေါ့ပါးသည့် အခြေအနေမျိုးဖြင့် တည်ဆောက်ထားပြီး သွေးအတွင်းရှိ pH Level အပြောင်းအလဲ၊ ခန္ဓာကိုယ် အပူချိန် အပြောင်းအလဲများကို ပုံမှန်စောင့်ကြည့်ကာ သွေးအတွင်းရှိ သကြားဓာတ် အပြောင်းအလဲကို တွက်ချက်ပေးမည် ဖြစ်သည်။ ယင်းကိရိယာကို မိုဘိုင်းလ်ဖုန်းဖြင့် ချိတ်ဆက် အသုံးပြုရမည် ဖြစ်ကာ ဝေဒနာရှင်အတွက် စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပေါ်လာပါက အသံဖြင့် သတိပေးခြင်းနှင့် တုန်ခါမှုဖြင့် သတိပေးခြင်းများ ပြုလုပ်ပေးမည် ဖြစ်သည်။ လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ရာတွင် ၉ဝ ရာခိုင်နှုန်းခန့် မှန်ကန်အောင် စွမ်းဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီး လအနည်းငယ် အတွင်း ရာနှုန်းပြည့် မှန်ကန်သည့် အခြေအနေသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ Wearable Device ကို လာမည့် နှစ်ဆန်းပိုင်းတွင် ဈေးကွက်တင်နိုင်ရန် ရည်မှန်းထားသည်။
Credit To >>> မြ၀တီင်္

0 comments:

Post a Comment