ဈေးကွက်အတွင်းရှိ ကွန်ပျူတာ Brand များ၏ အရည်အသွေး ကောင်းမွန်မှုနှင့် ပတ်သက်၍ အသုံးပြုသူများထံ စစ်တမ်းကောက်ယူခဲ့ရာတွင် Apple ပြီးလျှင် အရည်သွေးကောင်းမှု အပိုင်း၌ Dell နှင့် Lenovo က ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု သိရသည်။
အလားတူ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုအပိုင်းတွင်လည်း Apple ပြီးလျှင် Dell နှင့် Lenovo တို့ အကောင်းဆုံးနေရာတွင် ရပ်တည်နေသည်ဟု စစ်တမ်းက ဖော်ပြသည်။ စစ်တမ်းကို MSI, HP, Sony, Acer, Lenovo, Dell နှင့် Apple တို့ကို အခြေခံ၍ ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အသုံးပြုသူ ၁၁၁ ယောက်ကို Catalyst က စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်တမ်းအရ ကွန်ပျူတာ Brand များတွင် အရည်အသွေးကောင်းမွန်မှုအပိုင်း၌ Apple ပြီးလျှင် Dell နှင့် Lenovo တို့က ဦးဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
Dell နှင့် Lenovo တို့၏ အရည်အသွေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကောင်းမွန်သည်ဟု ဖြေကြားရာတွင် Dell ၏ အရည်အသွေး ကောင်းမွန်သည်ဟု ရန်ကုန်မှအသုံးပြုသူများက ပိုမိုဖြေကြားခဲ့ပြီး Lenovo ၏ အရည်အသွေး ကောင်းမွန်သည်ဟု မန္တလေးမှ အသုံးပြုသူများက ပိုမိုဖြေကြားခဲ့သည်။
နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုအပိုင်းတွင် Acer ထက် Dell နှင့် Lenovo က အချိုးအစား သာလွန်သော်လည်း မန္တလေးမှ အသုံးပြုသူများ၏ ဖြေကြားမှုအရ Acer ၏ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်း သစ်မှုအပိုင်းသည် Dell နှင့် Lenovo တို့ထက် အချိုးအစား သာလွန်ခဲ့သည်။
Credit to >>> Internet journal
0 comments:
Post a Comment