Wednesday, March 9, 2016

ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV) မြန်မာဘဏ်ရုံးခွဲသစ်ကို မြန်မာစင်တာတွင် ယခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်



ဗီယက်နမ်ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV)၏ မြန်မာဘဏ်ရုံးခွဲသစ်ကို မြန်မာစင်တာတွင် ယခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်နေကြောင်း Biz Hub ၏ မတ်၇ရက်က ဖော်ပြ ချက်အရ သိရသည်။

ယခု မတ် ၄ရက်က မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ နိုင်ငံခြားဘဏ် လေးခုအား လိုင်စင်ပေးရန်အတွက် ပဏာမရွေးချယ်ထားကြောင်း ထုတ် ပြန်ခဲ့ရာ တစ်ခုအပါအဝင်ဖြစ်သည့် BIDVသည် မြန်မာနိုင်ငံတွင်ရုံးဖွင့် ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ အတည်ပြုချက်ရရှိထားကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ BIDV Bank နှင့်အတူ ထိုင်ဝမ်နိုင်ငံမှ E Sun Commercial bank၊ တောင်ကိုရီးယား နိုင်ငံမှ Shinhan Bank နှင့် အိန္ဒိယ နိုင်ငံမှState Bank of India တို့ပါ ဝင်ပြီး BIDV Bank အနေဖြင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထား သည့် ၁၂လအတွင်း ဘဏ်ရုံးခွဲဖွင့်လှစ် ရန်အတွက် လုပ်ငန်းများအပြည့်အစုံ လုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ 
အဆိုပါဘဏ်အနေဖြင့် ရုရှား နိုင်ငံ မော်စကိုမြို့တွင် ဘဏ်ခွဲဖွင့်လှစ် ရန်အတွက် ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV)၏ ခွင့်ပြုချက်ရရှိထားပြီး ယင်း ဘဏ်၏ ၂၀၁၅ခုနှစ် အခွန်မဆောင် မီအမြတ်ငွေ ဗီယက်နမ်ဒေါင်၇ထရီ လီယံ(အမေရိကန်ဒေါ်လာ ၃၁၅ဒသမ ၂ သန်း)ရရှိခဲ့ရာ ပိုင်ဆိုင်မှုစုစုပေါင်း ဗီယက်နမ်ဒေါင် ၈၇၅ထရီလီယံရှိ ကြောင်း သိရသည်။ 


Credit To >>> Yangon Media Group

0 comments:

Post a Comment