Friday, February 26, 2016

ယနေ့မှစပြီး ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခု၌ နေ့အပူချိန်နှင့် ညအပူချိန်များ တိုးမြင့်လာနိုင်ဟု ဒေါက်တာထွန်းလွင်ပြောကြား


ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်နှစ်ခုတို့တွင် ယနေ့
(ဖေဖော် ဝါရီ ၂၆ ရက်)မှစပြီး နေ့အပူချိန် နှင့်ညအပူချိန်များမြင့်တက်လာနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန် ကုန်တိုင်းဒေသကြီးတို့တွင် ဖေဖော် ဝါရီ ၂၆ရက်နှင့် ၂ရ ရက်တို့မှစတင် ပြီး ညအပူချိန် များမှာ ဖေဖော်ဝါရီ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၄ ဒီဂရီစင်တီဂရိတ်မှ ၂၈ ဒီဂရီစင် တီဂရိတ်အထိ မြင့်တက် လာနိုင် ကြောင်း၊ အလားတူ မွန်ပြည်နယ် နှင့်ကရင်ပြည်နယ်တို့တွင် နေ့အပူ ချိန်များသည် ပထမဆုံးအကြိမ်အ ဖြစ် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
''နေ့အပူချိန်ရော ညအပူချိန် တွေပါမြင့်တက်လာတော့မှာပါ''ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။
ယခုရက်ပိုင်း အတွင်း မြန်မာ နိုင်ငံ၏နေရာဒေသအချို့တွင် ခံစား နေရသည့်ညအပူချိန်များမှာ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ပျမ်းမျှအ ပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်နှင့်ကရင်ပြည်နယ် တို့တွင် ဖေဖော် ဝါရီလ၏ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂ ရိတ်အထိပိုခဲ့ပြီး ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ် တို့တွင် ဖေဖော်ဝါ ရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုနှစ်သည် အယ်လ်နီညို သမိုင်းအတွင်း အပြင်းထန်ဆုံးဖြစ် သည့် ၂၀၁၅- ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်လာသည့် အယ်လ်နီညိုရာ သီ ဥတုဖြစ်စဉ်ကြောင့် ယခုနှစ်တွင် ဖေဖော်ဝါရီလအတွင်း ပထမဆုံးအ ကြိမ်အဖြစ် အပူချိန်များတိုးမြင့်လာ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့အယ်လ်နီညိုဖြစ် စဉ်ကြောင့် အပူချိန်တိုးမြင့်နိုင်သည် ဟု ပညာရှင်များက ခန့်မှန်းထားကြ ရာ အပူကြောင့်ဖြစ်လာ နိုင်သည့် သောက် သုံးရေရှားပါးခြင်းအပါအ ဝင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အစား အစာဖူ လုံရေး အစရှိသည့်ကဏ္ဍများ အတွက်လည်း သက်ဆိုင်ရာ ဌာနများ မှ အသီးသီးသတိပေးချက် များထုတ် ပြန်ထား ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ရာသီဥ တုဖောက်ပြန်ရာတွင် လွန်ကဲရာသီ ဥတုအမျိုးအစားအနေဖြင့် မိုးသည်း ထန်ခြင်းနှင့် မိုးခေါင်ခြင်းရော ယှက် ဖောက်ပြန်မှုအမျိုးအစားကိုကြုံ တွေ့နိုင်ကြောင်း၊ နိုင်ငံတကာအင်န် ဂျီအိုအဖွဲ့အစည်းများမှရေးဆွဲထား သည့် ၂၀၁၅-၂၀၁၆ ခုနှစ်၏ အယ်လ် နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုထိခိုက် မှုများအခြေအနေပြမြေပုံတွင် ဖော်ပြ ထားကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment