Friday, February 26, 2016

နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနှင့်စီးပွားရေးလုပ်ငန်းများ အလျင်စလိုခွင့်ပြုနေခြင်းကို ထိန်းကျောင်းတည့်မတ်ပေးရန် အရေးကြီးအဆိုတင်



အစိုးရအနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲ အပြီး နိုင်ငံတော်ပိုင်မြေ၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများကို အလျင်စလို ပုဂ္ဂလိကသို့ လွှဲပြောင်းနေခြင်း၊ စီမံကိန်းများကို နေရာတကျ မစီမံဘဲ အလျှင်စလို ခွင့်ပြုနေခြင်းအပါအဝင် ကျူးကျော်များကို အတင်းအဓ္ဓမ ဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ လက်ရှိအချိန်တွင် အလျင်အမြန် စီမံခန့်ခွဲနေမှု တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ယင်းအဆိုကို ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး
ထောက်ခံမဲများသောကြောင့် ဆက်လက်ဆွေးနွေးရန် သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆုံးဖြတ်ခဲ့သည်။
လတ်တလော စိစစ်ထားသော စာရင်းများအရ ရန်ကုန်ဆေးရုံကြီးအနီးရှိ
မြေ ၄ ဒသမ ၃ဧကကို ပြည်တွင်းလုပ်ငန်းရှင်အချို့နှင့် ဖက်စပ်လုပ်မည့် စင်္ကာပူဆေးရုံတစ်ခုကို အသုံးပြုခွင့်ပေးခဲ့ခြင်း၊ရပ်ဆိုင်းခဲ့သော ဒဂုံစီးတီး စီမံကိန်းဝင် ကုမ္ပဏီတစ်ခုဖြစ်သောMarga Landmark ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင် မြေ ၁၇ ဒသမ၇ ဧက ကိုအစားထိုးပေးခြင်း၊ မဖြစ်မနေ ကြိုတင်လုပ်ဆောင်ရမည့် လှိုင်းနှုန်းအစီအစဉ် Spectrum Roadmap စသည်များ မပြီးစီးသေးဘဲ ရှားပါးသယံဇာတ Spectrum ဖြစ်သည့် ကြိမ်နှုန်း ၂၆ဝဝ MHzကို မတ်လမကုန် မီလေလံတင်ရောင်းချရန် ပြင်ဆင်နေခြင်းများရှိနေကြောင်း
ဒေါ်ခင်စန်းလှိုင်က ပြောသည်။
လျှပ်စစ်ဝန်ကြီးဌာနအနေနှင့် စီမံကိန်းအချို့ကို အရေးတကြီး လက်မှတ်ထိုး သဘောတူနေသည့် ကိစ္စများရှိနေပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)ရှိ ရေဝေရေလဲဒေသ သဘာဝသစ်တောကြားခံဇုန် ၂၇၂ ဒသမ ၁၅ ဧကကို စက်မှုဇုန်မြေငှားဂရမ်ချပေးရန်ပြင်ဆင် နေခြင်းနှင့်
ပြဿနာများစွာ ဖြစ်လျှက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ လာမည့်မေလတွင် သတ္တုရိုင်းစတင်ထုတ်လုပ်ရန်ရှိနေခြင်းတို့ကြောင့် ယင်းအဆိုကို တင်ပြရခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
ယင်းအပြင် EIA/SIA ကိစ္စများမရှိခဲ့ဘဲ ၅ဝဝ မီဂ္ဂါဝပ်ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားစက်ရုံအတွက် စာချုပ်ချုပ်ဆိုပွဲပြုလုပ်ခဲ့ခြင်းနှင့် နိုင်ငံအနှံ့ရှိ ကျူးကျော်များကို စာနာထောက်ထားမှုမရှိဘဲ မြေနေရာရရှိရေးအတွက် အဓမ္မ မဖယ်ရှားနေခြင်းတို့ကိုတွေ့နေရကြောင်း ၄င်းက ထပ်လောင်းပြောသည်။
ယင်းကဲ့သို့ ပြုလုပ်သည့်ကိစ္စများသည် ပြည်သူလူထုအမြင်ရှုပ်ထွေးစေပြီး မလိုလားအပ်သော သံသယနှင့် အထင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း ¤င်းကဆိုသည်။
ယင်းအရေးကြီးအဆိုကို ဆွေးနွေးရန်သဘောတူမတူ ဆုံးဖြတ်ရာတွင်
ထောက်ခံမဲ ၂၇၈မဲ ၊ကန့်ကွက်မဲ ၁၃၂ မဲ နှင့် ကြားနေမဲ ၃ မဲရှိသဖြင့် အဆိုကိုဆက်လက်ဆွေးနွေး၇မည်ဖြစ်သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များ ကန့်ကွက်ခဲ့သည်ဟု ယူဆနိုင်ကြောင်းကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်က ပြောသည်။
"တပ်မတော် က ၁၁ဝ ရှိတယ်။ ကျန်တာက ကြံ့ခိုင်ရေးပါတီက အချို့နဲ့သူဌေး ကိုယ်စားလှယ်ကြီးတွေကန့်ကွက် တာနေမှာပါ။ တို့ကတော့
ထောက်ခံပါတယ်။ တိုင်းရင်းသားပါတီတွေလည်းပဲထောက်ခံမယ် ထင်ပါတယ်"ဟု ၄င်းကဆိုသည်။

Credit To >>> The Voice

0 comments:

Post a Comment