ဆဒုံးနှင့် ကန်ပိုက်တီး ဒေသတို့တွင် ဘိန်းခင်းများ သွား ရောက်ဖျက်ဆီးသည့်
ပတ်ဂျဆန် အဖွဲ့ကို လက်နက်ကိုင်ဆောင် ထားသူများက သေနတ်နှင့် မိုင်း
များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အဖွဲ့ ၀င် ၃၂ ဦး ဒဏ်ရာရရှိပြီး မြစ်
ကြီးနားဆေးရုံ၌ ဆေးကုသမှုခံ ယူနေကြောင်း သတင်းရရှိသည်။
မြစ်ကြီးနား ဆေးရုံတွင် ရောက်ရှိနေသည့် ပတ်ဂျဆန်အ ဖွဲ့များအနက် နှစ်ဦးသည်
ဝမ်း ဗိုက်နှင့် ပခုံး၌ ဒဏ်ရာရထား သဖြင့် စောင့်ကြည့်ရမည်ဖြစ် ကြောင်း
မြစ်ကြီးနားဆေးရုံအုပ် ဒေါက်တာ အောင်ငွေစံက ပြော သည်။
‘‘စိုးရိမ်ရတဲ့အခြေအနေက တော့ လူနာတစ်ယောက်က ဗိုက် မှာ
ထိမှန်ဒဏ်ရာတစ်ခုရှိတယ်။ တစ်ယောက်ကတော့ ပခုံးမှာ ထိ မှန်ဒဏ်ရာတစ်ခုရှိတယ်။
ဒီတော့ ဒီဒဏ်ရာက စိုးရိမ်ရသလား၊ မစိုး ရိမ်ရဘူးလားဆိုတာ ဆရာတို့
ဓာတ်မှန်ရိုက်တဲ့ဥစ္စာတွေ၊ အာ ထရာဆောင်းရိုက်တဲ့ဟာတွေ လုပ်နေရတယ်’’ဟု
ဒေါက်တာ အောင်ငွေစံက ပြောသည်။
ဖေဖော်ဝါရီ ၂၄ ရက်က လက်နက်ကိုင်သူများ၏ ၀ိုင်း ၀န်းပိတ်ပင်မှုခံထားရသော
ဘိန်း ခင်းဖျက်သည့်အဖွဲ့ဝင်များထံသို့ နောက်မှအဖွဲ့များသွားရောက်စဉ်
ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆဒုံးအ ကျော် မဂကျေးရွာအနီး နှစ်ကြိမ်
ပစ်ခတ်ခံရသည့်အတွက် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပခုံးတွင်
သေနတ်ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီး နားဆေးရုံ၌ ဆေးကုသနေသည့် ကိုတန်ဂျာက
ဆိုသည်။
‘‘စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ ပြီးတော့ သေနတ်အ သေးတွေလည်း ကိုင်တယ်။
မိုင်း တွေလည်းပစ်တယ်။ ပစ်တဲ့လူ တွေက တရုတ်လူမျိုးတွေလည်း ပါတယ်၊
ကချင်တွေလည်းပါ တယ်။ ရဲတွေက နောက်မှလိုက် လာတယ်။ ဒဏ်ရာသက်သာလာ ရင်တော့
ဘိန်းခင်းပြန်သွားဖျက် မှာ’’ဟု ကိုတန်ဂျာက ပြောသည်။
လက်နက်ဖြင့်ပစ်ခတ်သည့် အဖွဲ့မှ လူအချို့ကို ပတ်ဂျဆန်အ ဖွဲ့က
ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပတ်ဂျဆန် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ
ဆရာခေါင်လွမ်းက ဆိုသည်။ ဖမ်းမိသည့် သတင်း ကြားသော်လည်း အသေးစိတ်မ
သိရသေးကြောင်း ၀ိုင်းမော်မြို့ နယ်ရဲစခန်းမှူးက ဆိုသည်။
စက်သေနတ်များဖြင့် ပစ် ခတ်နေသည့် ဗီဒီယိုမှတ်တမ်းများ ရှိသဖြင့် ပစ်ခတ်တိုက်ခိုက် သူများကို သိရှိအောင်ဖော်ထုတ် မည်ဟုလည်း ဆိုသည်။
‘‘စစ်သေနတ်တွေနဲ့ပစ်တာ တွေ အကုန်မှတ်တမ်းရှိတယ်။ စစ်သေနတ်ရှိတဲ့ဟာတွေ
ဘယ် သူလဲဆိုတာ ပေါ်လာမှာပါ။ အခု ကျွန်တော်တို့ကို ပစ်တဲ့အဖွဲ့ဝင်အ ယောက် ၄၀
လောက်ဖမ်းထား တယ်။ ကျွန်တော်တို့ ဒီလောက်ထိ နစ်နာထားတာ ဘိန်းခင်းတွေကို
တော့ ရအောင်ဖျက်သွားမယ်’’ဟု ဆရာခေါင်လွမ်းက ဆိုသည်။။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် မြစ်ကြီးနားဒေသခံအချို့ မကျေမနပ်ဖြစ်ကာ
မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
‘ပြည်သူကို အကာအကွယ် မပေးတဲ့အစိုးရ အလိုမရှိ’၊‘ဦးဇ ခုန်တိန့်ယိန်း
နယ်ခြားစောင့်တပ် ပြည်သူ့စစ်တပ်အလိုမရှိ’၊‘မူးယစ် ဆေးဝါးတိုက်ဖျက်ရေး
ဒို့အရေး’ စသည့် ကြွေးကြော်သံများဖြင့် မြစ်ကြီးနားဆေးရုံကြီးရှေ့၊ ၀န်
ကြီးချုပ်နေအိမ်၊ ဦးဇခုန်တိန့်ယိန်း နေအိမ်များသို့ လူပေါင်းတစ် ထောင်ခန့်
သွားရောက်ဆန္ဒပြခဲ့ ကြသည်။
Credit To >>> 7Day News JOurnal
Friday, February 26, 2016
ဘိန်းခင်းဖျက်အဖွဲ့ သေနတ်နှင့် မိုင်းများဖြင့် တိုက်ခိုက်ခံရ၍ ၃၂ ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment