Wednesday, February 10, 2016

လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ တစ်လုံးတစ်ခဲတည်းနိုင်ငံရေးပင်စင် ၂၂သိန်းသာရရှိ


ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခွင့် မရရှိ
တော့သော လွှတ်တော်ကိုယ်စားလှယ်များကမူလကလုပ်သက်ဆုကြေး အဖြစ်
ကျပ်သိန်း၅၀ရရှိမည်ဖြစ် ကြောင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ
၂၂သိန်းသာရရှိကြောင်း မန္တလေးတိုင်းဒေ သကြီး အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦး ကပြောကြားသည်။

ယခင်ကမူလုပ်သက်ဆုကြေးအဖြစ်လုပ်သက်နှင့်လက်ရှိလစာကိုမြှောက်ကာ
တစ်လုံးတစ်ခဲတည်းရရှိရန်ရှိသောကြောင့် ကျပ်သိန်း၅၀ရရှိမည်ဖြစ်ကြောင်း
သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ သို့သော်လည်း အမှန်ရရှိရာတွင်မူ လွှတ်တော်
သက်တမ်း၅နှစ်အနက် ပထမ၄နှစ်အတွက်ကို ရရှိခဲ့သော လစာနှုန်းအတိုင်းတွက်ချက်ပြီး
ရရှိခြင်းသာဖြစ်သည်။

Credit To >>> Myanmar Times

0 comments:

Post a Comment