Thursday, January 21, 2016

BRT ဘတ်စ်ကားစတင်ပြေးဆွဲဖို့ ယာဉ်မောင်းသမားတွေစတင်ခေါ်ယူ


BRT ဘတ်စ်ကားစတင်ပြေးဆွဲဖို့ ယာဉ်မောင်းသမားတွေ စတင်ခေါ်ယူ
aနပြီလို့ ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီလီမီတက်တာဝန်ရှိသူတွေ
ထံကသိရပါတယ်။

BRT အမြန်ဘတ်စ်ကားစနစ်ကို အခု လကုန်ပိုင်းမှာ စတင်ပြေးဆွဲနိုင်ဖို့
ယာဉ်မောင်းသမားတွေ စတင်ခေါ်ယူနေ တာဖြစ်ပြီး လခစားစနစ်နဲ့
အလုပ်ခန့်အပ်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူကပြောပါတယ်။

အများပိုင်ဘတ်စ်ကားစနစ်မှာ ထမ်းဆောင်မယ့်ယာဉ်မောင်းတွေကို နိုင်ငံတကာနည်းတူ လခစားစနစ် နဲ့ ခန့် အပ် သွားမှာဖြစ်ပြီး တစ်နေ့အလုပ်ချိန်
၈ နာရီအဖြစ် အဆိုင်းခွဲကာ ကားလိုင်းပြေးဆွဲမှုကို စတင်သွားမှာဖြစ်တယ်လို့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီလီမီတက်ထံက သိရပါတယ်။

ဘတ်စ်ကားလိုင်းပြေးဆွဲဖို့ တရုတ်၊ကိုရီယားနိုင်ငံတွေက မှာယူထားတဲ့ကားများလည်း ရောက်ရှိနေပြီး ပြည်လမ်း နဲ့ကမ္ဘာအေးဘုရားလမ်းတို့မှာ စတင်
ပြေးဆွဲသွားမှာဖြစ်ပါတယ်။

ကားလိုင်းပြေးဆွဲဖို့ ပြည်လမ်းနဲ့ကမ္ဘာအေးဘုရားလမ်းပေါ်တွေမှာ ဘတ်စ်ကားမှတ်တိုင်တွေ တည်ဆောက်ပြီးစီး နေပြီဖြစ်ပါတယ်။ BRT စနစ်
အောင်မြင်သွားပါက ဘတ် စ်ကားအသစ်တွေကို ထပ်မံတိုးချဲ့
ကာ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်အောင် တိုးချဲ့ဆောင်
ရွက် သွားမှာပါလို့ ကုမ္ပဏီထံကသိရပါတယ်။

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီလီမီတက်ကို အစိုးရ နဲ့ ပြည်သူတို့ရဲ့
ထည့်ဝင်ငွေကြေးများ နဲ့ တည်ထောင် တာဖြစ်ပြီး ကားလိုင်းပြေးဆွဲမှုစနစ်ကျစေဖို့ လိုအပ်တဲ့ဥပဒေပိုင်းတွေကိုပါ ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment