Monday, January 11, 2016

ရွှေသံလွင်ကုမ္ပဏီရှယ်ယာပါဝင်သည့် ရွှေဘဏ်စဖွင့်


 ပြည်တွင်း၌ Sky Net ရုပ်သံလိုင်းအပါအဝင် မီဒီယာလုပ်ငန်းများလုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီက ရှယ်ယာပါဝင်သည့် ရွှေဘဏ်(SHWE Bank )ကို ဇန်နဝါရီ ၁၁ ရက်တွင်စတင်ဖွင့်လှစ်လိုက်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်ရည်ရွယ်၍ တည်ထောင်သည့် SHWE Bank ၏ရုံးချုပ်ကို ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး တစ်နှစ်လျှင် ဘဏ်ခွဲငါးခုခန့်ဖွင့်လှစ်ကာ ငွေစုငွေချေးဘဏ်ဝန်ဆောင်မှုများအပြင် မိုဘိုင်းလ်ဘဏ်စနစ်၊ အင်တာနက်ဘဏ်စနစ်နှင့် ကတ်ငွေကြေးဝန်ဆောင်မှုများ ပါလုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ထုတ်ပြန်သည်။
ရွှေဘဏ်တွင် ရွှေသံလွင်ကုမ္ပဏီနှင့်အခြားမိသားစုကုမ္ပဏီများက ရှယ်ယာများထည့်ဝင်ထားခြင်းဖြစ်ပြီး ပြည်ပဘဏ်များနှင့်လညှ်းဗဟိုဘဏ်ခွင့်ပြုချက်များနှင့်အညီ ပူးပေါင်းဝန်ဆောင်မှုပေးနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း SHWE Bank ၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။
"နိုင်ငံခြားငွေကြေးအဖွဲ့အစည်းတွေ၊ပြည်ပဘဏ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေရှိပါတယ်"ဟု ၎င်းကဆိုသည်။
အဆိုပါဘဏ်ဖွင့်ပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် အပြင် ပြည်တွင်းမှ ထိပ်တန်းလုပ်ငန်းရှင်ကြီးများ ကမ္ဘောဇလုပ်ငန်းစု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့လည်းတက်ရောက်ခဲ့ကြသည်။
Credit to >>> The Voice

0 comments:

Post a Comment