Monday, December 7, 2015

စင်ကာပူ Sembcorp ၏ လက်အောက်ခံကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် လျှပ်စစ်စက်ရုံ တည်ဆောက်မည်

 
စင်ကာပူ Sembcorp ၏ လက်အောက်ခံကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဓါတ်ငွေ့စွမ်းအင်သုံးလျှပ်စစ်စက်ရုံတခုတည်ဆောက်ရန်လျှပ်စစ်စီမံကိန်းဦးစီးဌာနနှင့်သဘောတူညီမှုစာချွန်လွှာ (MoA) ကို ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ Sembcorp က အဆိုပါ စက်ရုံ တည်ဆောက်လုပ်ကိုင်ခွင့်ကို လွန်ခဲ့သောဧပြီလက ရရှိခဲ့ခြင်းဖြစ်ပြီး စက်ရုံကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း၏ ၈၀ ရာခိုင်နူန်းကို Sembcorp က ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၂၀ ရာခိုင်နူန်းကို MMID Utilities က ပိုင်ဆိုင်မည်ဖြစ်သည်။ ၂၀၁၈ တွင် စက်ရုံတည်ဆောက်ပြီးစီးမည်ဖြစ်ပြီး မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနကို ၂၂ နှစ်စာချုပ်ဖြင့် လျှပ်စစ်ဓါတ်အား ရောင်းချသွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကို Sembcorp Myingyan Power Company က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး ယခု MoA လက်မှတ်ရေးထိုးနိုင်ခြင်းကြောင့် Sembcorp ၏ ရှယ်ယာတန်ဖိုးများ မြင့်တက်လာမည်ဟု မျှော်လင့်ကြောင့် ကုမ္ဗဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Credit To >>> NewsWatch Journal

0 comments:

Post a Comment