
စစ်တွေမြို့ တွင်ရှိသည့် နှစ်ပေါင်း ၁၂၈ နှစ်သက် တမ်းရှိ နာရီစင်ကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) မှ ကျပ်သိန်း ပေါင်း ၃၁၀ အကုန်ကျခံကာပြင်ဆင် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
''မြန်မာပြည်သူ၊ ပြည်သားတွေ ဘဝတိုးတက်ဖို့လုပ်ဆောင်ရင်း မြန်မာ လူမျိုးတို့အတွက် ရိုးရာဓလေ့အရ အရေးကြီးတဲ့အထိမ်းအမှတ်တွေကို လည်း ထိန်းသိမ်းမှုတွေ MPT က လုပ်ဆောင်ပေးချင်ပါတယ်။ ဒီနာရီ စင်ကြီးက ဒီဒေသမှာရှိနေခဲ့တာ နှစ် ပေါင်း ၁၂၈ နှစ်ရှိနေခဲ့ပါပြီ။ အခု လိုပြင်ဆင်ထိန်းသိမ်းခြင်းအားဖြင့် နောက်ထပ် နှစ်ပေါင်း ၁၂၈ နှစ် ထက်မက ရပ်တည်နေဖို့ မျှော်လင့် ပါတယ်''ဟု MPT- KSGM Joint Operation ၏ Chief Operating Officer Mr Yoshiaki Benino က ပြောသည်။
အဆိုပါနာရီစင်သည် ၁၈၈ရ ခုနှစ်တွင် ဗြိတိသျှဘုရင်မ ဗစ်တိုးရီးယား၏မွေးနေ့အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုနာရီ စင်ကို နှစ်ပေါင်း ၂၀ အတွင်းတွင် ပြန်လည်အလုပ်လုပ်နိုင်ရန် ပြုပြင် ခြင်းဖြစ်ကြောင်း၊ ပြင်ဆင်မှုအခမ်း အနားကို (၄၁) ကြိမ်မြောက် ရခိုင် ပြည်နယ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၅ ရက်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
''အဟောင်းကို ပြင်လိုက်တာ တော့ ဆရာ့အနေနဲ့ သဘောတူတယ်။ ဒါပေမဲ့ သမိုင်းအရကြည့်ရင်တော့ မှားတယ်ပေါ့။ သမိုင်းဆိုတာမပြုပြင် ရဘူး။ ထိန်းသိမ်းရမယ့်အရာ ဖြစ် တယ်။ အထဲကပစ္စည်းတွေကို အစား ထိုးလိုက်တော့ သမိုင်းလက်ရာပျက် သွားတယ်။ ဒါကြောင့် သမိုင်းဘက် ကကြည့်ရင်တော့ ကန့်ကွက်ချင်စရာ ဖြစ်တယ်။ ဒီဘက်ခေတ်မျက်စိနဲ့ကြည့် ရင် ပြုပြင်လိုက်တာ ကောင်းတယ်လို့ ထင်လို့ရတယ်။ သမိုင်းစာရေးဆရာ တစ်ယောက်အနေနဲ့ကြည့်ရင်တော့ နည်းနည်းကန့်ကွက်စရာရှိတယ်''ဟု ရခိုင်စာရေးဆရာ ဦးဝေဟင်အောင် က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
အဆိုပါစစ်တွေမြို့ရှိ နှစ်ပေါင်း ၁၂၈ နှစ်ရှိ နာရီစင်ကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း (MPT) မှ ကျပ် သိန်း ၃၁၀ အကုန်အကျခံကာ နာရီ စင်ကို စက်ပိုင်းဆိုင်ရာပြုပြင်ခြင်း၊ ကိုယ်ထည်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း အပြင် နာရီစင်အသံပိုင်းစနစ်တွင် ရခိုင်ရိုးရာတေးသံများလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
Credit To >>> Yangon Media Group
0 comments:
Post a Comment