Wednesday, December 16, 2015

ဂုတ်ထိပ်တံတားပေါ်သို့ လုံခြုံရေးအရ လူဖြတ်သန်းသွားလာမှု တားမြစ် တံတားပေါ်၌ ဖြတ်သန်းလေ့လာနိုင်ရန် သံလမ်းပြေးကား ပြေးဆွဲမည်

ဂုတ်ထိပ်တံတားပေါ်သို့ လူဖြတ်သန်းသွားလာမှုများကို လုံ ခြုံရေးအရ လုံးဝတားမြစ်မည်ဖြစ် ပြီး တံတားပေါ်သို့ ဖြတ်သန်းလေ့ လာနိုင်ရန် သံလမ်းပြေး (RGC) ကားအမျိုးအစား ပြေးဆွဲရန် စီစဉ် နေကြောင်း မြန်မာ့မီးရထား မန္တ လေးတိုင်း (သွားလာရေး)မှ သတင်းရရှိသည်။
ပေ ၃၀၀ ကျော်အမြင့်ရှိလျှိုကြီးနှစ်ခုကို ဖြတ်ကာ တည် ဆောက်ထားသည့် ဂုတ်ထိပ်တံတားသည် လူအများဖြတ်သန်း ရန် ဖောက်လုပ်ထားသော တံတားမဟုတ်ဘဲ မီးရထားမောင်းနှင်ရန် အတွက်သာဖြစ်ပြီး စတင်ဖောက် လုပ်ခဲ့သည့် အချိန်ကစ၍ လူများ ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း မြန် မာ့မီးရထား(သွားလာရေး) မန္တ လေးတိုင်းတာဝန်ခံ ဦးအေးမောင် က ပြောသည်။

‘‘ဂုတ်ထိပ်တံတားမှာ လူ လျှောက်လမ်းလုံးဝမရှိဘူး။ နဂိုကတည်းက လူဖြတ်သန်းခွင့်မပြုတဲ့ နေရာ။ သံလမ်းဖြတ်တဲ့ ဇလီဖာ တုံးပေါ်မှာ လူတွေလျှောက်ကြ တာက အရမ်းအန္တရာယ်များ တယ်။ နောက်ဟိုဘက်၊ ဒီဘက်က ရထားထွက်လာတဲ့အချိန် လူတွေ တံတားပေါ်ရှိနေရင် အကုန်ပြေး စရာနေရာမရှိဘူး။ လုံခြုံရေးအရ လုံးဝတားမြစ်မှာပါ’’ဟု ဦးအေး မောင်က ဆိုသည်။

မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် ခုနစ်မိုင် အကွာတွင် ရှိသည့် ဂုတ်ထိပ် တံတားကို လူများ ဖြတ်သန်းခွင့် တားမြစ်ထားသော်လည်း ၂၀၁၅ အတွင်း လူအများစုလာရောက် လည်ပတ်မှုမြင့်တက်လာ၍ ပြည်သူများ အန္တရာယ်ရှိသဖြင့် လုံခြုံရေး ပြန်လည်တင်းကျပ်ရခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘လူတွေ လျှောက်ဖို့ အန္တ ရာယ်ရှိတဲ့အတွက် တံတားပေါ် ပြေးဆွဲပေးမယ့် သံလမ်းပြေး (RGC) ကားတစ်စီး ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်။ နောင်ချိုဘက် က ပြေးပေးတာရှိတယ်။ အခုမန္တ လေးဘက်က နောက်တစ်စီးပြေး ပေးဖို့ ဌာနကို တင်ပြထားတယ်။ မကြာခင်ပြေးဆွဲပေးမှာပါ’’ဟု မြန်မာ့မီးရထား(သွားလာရေး) မန္တလေးတိုင်းတာဝန်ခံ ဦးအေး မောင်က ဆိုသည်။

ဂုတ်ထိပ်တံတားကြီးသည် ပေ ၂၂၆၀ အရှည်ရှိပြီး ကမ္ဘာပေါ် တွင် ဒုတိယအမြင့်ဆုံးတံတားကြီး လည်းဖြစ်သည်။ ထိုတံတားကြီးသည် မြစ်ချောင်းများကို ဖြတ်ကျော်၍ ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ မတ်စောက်သည့် ကျောက်တောင်လျှိုကြီးများကို ဖြတ်ကာ ၁၉၀၃ တွင် စတင်တည်ဆောက်ခဲ့သဖြင့် သက်တမ်း ၁၁၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ကိုးလသာတည်ဆောက်ချိန် ကြာမြင့်ခဲ့ကြောင်း သိရသည်။

‘‘တံတားပေါင်တွေပေါ် မလျှောက်ဖို့၊ ခြေထောက်တွဲ လောင်းချတာ မလုပ်ဖို့၊ အရက် သေစာသောက်ထားပြီး တံတား ပေါ် မလျှောက်ဖို့။ ပြောလည်း ပြောနေပါတယ်။ ဒါပေမဲ့ လာတဲ့ လူတိုင်းက စတန့်ထွင်တာလား မသိဘူး။ တံတားပေါင်ဘေးတွေမှာ လျှောက်တယ်။ ခြေထောက် တွေ တွဲလောင်းချပြီး ဓာတ်ပုံ တွေ ရိုက်တယ်။ အရက်သေစာ သောက်စားပြီး လာကြတယ်’’ဟု ဂုတ်ထိပ်တံတားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဂုတ်ထိပ်တံ တားပေါ်သို့ လာရောက်လည်ပတ် သူများအား တံတားတိုင်ပေါင်း ၁၆ တိုင်ရှိသည့်အနက် နှစ်တိုင်အထိသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။တံတားသို့ လာရောက်လည်ပတ်သူများသည် အပတ်စဉ် ပိတ်ရက်များတွင် လူသုံးထောင်ကျော်အ ထက်ရှိကြောင်း သိရသည်။

Credit To >>> 7Day News Journal

0 comments:

Post a Comment