ဖုန်းငွေဖြည့်ကတ် တွင် အခွန်ကောက်ခံမည်ကို လက်ရှိဆိုင်းငံ့ထားသော်လည်း ဘဏ္ဍာနှစ်အတွင်း ပြဋ္ဌာန်းထား မည့် အခွန်ကောက်ခံမှုဆိုင်ရာ ဥပဒေကြမ်း၌ ထည့်သွင်းထား ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောသည်။
‘‘၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်လျာထားချက်မှာ ယခု ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ ရန် ဆိုင်းငံ့ထားခဲ့သော တယ်လီ ဖုန်းပြောဆိုခ ကြိုတင်ငွေဖြည့် ကတ်အပြင် ကျသင့်တဲ့ကုန်သွယ် လုပ်ငန်းခွန်ကောက်ခံရန် ကျပ် ၈၀ ဘီလီယံခန့် လျာထားချက် ပါဝင်ပါကြောင်း တင်ပြအပ်ပါ တယ်’’ဟု ဒီဇင်ဘာ ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
၎င်းကိစ္စရပ်အား အစိုးရအ ဖွဲ့က ဥပဒေကြမ်းအတွင်း ပြန် လည်ထည့်သွင်းလာခြင်းမှာ လာ မည့်ဘဏ္ဍာနှစ်၌ အဆိုပါအခွန် ကောက်ခံမည့်သဘော သက် ရောက်သော်လည်း အမှန်တကယ်ကောက်ခံခြင်း ပြု၊မပြု ဆုံးဖြတ်ရမည်မှာ လာမည့်လွှတ်တော်သစ် ၏ တာဝန်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြော သည်။
‘‘ကောက်မယ်ဆိုတဲ့သ ဘောပဲ။ ၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကောက်မယ်ဆိုတဲ့ သဘောပြီးခဲ့ တဲ့နှစ်က လွှတ်တော်က ဆိုင်း လိုက်လို့ ခဏရပ်သွားတာလေ။ နှုန်းတွေတော့မသိဘူးပေါ့။ ဒီ လွှတ်တော်မှာတော့ဒါကိုအကြမ်း ပဲ ဆွေးနွေးသွားမယ့်သဘောပေါ့။ တကယ် အတည်ပြုရမှာက နောက်လွှတ်တော်။ နောက်ဘက် ကို နည်းနည်းဆွဲပေးထားတာ။ ဒီ လွှတ်တော်ကတော့ အကြမ်းဖျင်း အားဖြင့် လုပ်ပေးလိုက်တာပေါ့။ နောက်လွှတ်တော်က ဖေဖော်ဝါ ရီဆိုစပြီ။ အဆုံးအဖြတ်က သူတို့ ပဲ။ သူတို့ပြန်တိုင်ပင်ကြပေါ့။ ပြန် လျှော့ရင်လဲလျှော့။ မလျှော့ရင် လည်း နှုန်းတစ်ခုသတ်မှတ်ရင် လည်း သတ်မှတ်ပေါ့’’ဟု ဦးသူ ရိန်ဇော်က ပြောသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ဖုန်းငွေဖြည့်ကတ်များအား ၅ ရာခိုင်နှုန်း အခွန်ကောက်ခံရန် အခွန်အကောက်ဆိုင်ရာ ဥပဒေ ကြမ်းအတွင်း ထည့်သွင်းရေးဆွဲ ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ၎င်းကိစ္စကို ဘဏ္ဍာနှစ်တစ်နှစ် ဆိုင်းငံ့ထားရန် အတည်ပြုဆုံး ဖြတ်ထားခြင်းဖြစ်သည်။
Credit To .>>> 7Day News Journal
0 comments:
Post a Comment