ရန်ကုန် မြို့လယ်ရှိ အထင်ကရနေရာတစ်ခု ဖြစ်သည့် မဟာဗန္ဓုလပန်းခြံကို ရှေး ဟောင်းအမွေအနှစ်ဖြစ်ကြောင်း ဖော်ပြသည့် အပြာရောင်ကမ္ပည်းပြား ယခုလ ၁၈ရက် နံနက် ၉ နာရီ၌ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီ တောင်ပိုင်းခရိုင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးမင်းက ပြောသည်။
ယင်းအပြာရောင်ကမ္ပည်းပြား ကိုတပ်ဆင်ရခြင်းသည် သမိုင်းအ မွေ အနှစ်များရှိသည့်နေရာများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင် ရန်အတွက် တပ်ဆင်ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
တောင်ပိုင်းခရိုင်ကော်မတီ ဥက္ကဋ္ဌဒေါက်တာအေးမင်းက ''နှစ် ပေါင်းရာချီရှိနေ တဲ့နေရာတွေကို ထိန်း သိမ်းတဲ့အနေနဲ့ ဒီအပြာရောင်ကမ္ပည်း ပြားကို တပ်ဆင်တာဖြစ်တယ်။ ဒီ ကမ္ပည်းပြားဟာဆိုရင် သမိုင်းကို ညွှန် ပြနေတယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ထားတဲ့အတွက် ရှေးဟောင်း အမွေအနှစ် ပျက်စီးစေမယ့်အရာ တွေ မဖျက်ရဘူး''ဟု ပြောသည်။
ယင်းအပြာရောင်ကမ္ပည်းပြား ကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအ မွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေး အဖွဲ့နှင့်နိုင်ငံတကာအဖွဲ့အ စည်းတစ်ခုဖြစ်သည့် Royal philips Corporation တို့ပူးပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင် တင့်ကပြောသည်။
''မဟာဗန္ဓုလပန်းခြံကရှေး ဟောင်းအမွေအနှစ်တစ်ခုဖြစ် ကြောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ထောက်ခံချက် ပေး ထားတာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
အပြာရောင်ကမ္ပည်းပြားတပ် ဆင်ခြင်းသည် ရန်ကုန်မြို့၏သမိုင်း ကိုအထိရောက်ဆုံးနှင့်ထင်သာမြင် သာအရှိဆုံးဖော်ပြနိုင်မည့်နည်း လမ်းများအနက်တစ်ခုဖြစ်ပြီး ယင်း အပြာရောင်ကမ္ပည်းပြားမှတစ် ဆင့် ရန်ကုန်မြို့၏သမိုင်းကြောင်း ကိုအသက်အရွယ်မရွေးနယ်ပယ်စုံမှ လေ့ လာနိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
၂၀၁၃ ခုနှစ်ဇွန်လတွင် ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့နှင့် Royal philips Corporation တို့သည် ရန်ကုန်မြို့ ရှိ အထင်ကရနေရာများကို ကမ္ပည်း ပြားများတပ်ဆင်ရာ၌ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းကမ္ပည်းပြားများ ကိုတပ်ဆင်နိုင်ရန် သမိုင်းကြောင်း လေ့လာခြင်း၊ ကမ္ပည်းပြားများထုတ် လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့အ တွက် ယူရိုငွေ ၅၀၀၀၀ ကို ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ထုတ်ပြန်ကြေညာ ချက်များအပြီးတွင် ရန်ကုန်မြို့၏မြို့ပြအမွေအနှစ်တစ်ခုဖြစ်သည့် လောကနတ်အဆောက်အအုံတွင် ကမ္ပည်းပြားတပ်ဆင်ခဲ့သည်။
Credit To >>> Yangon Media Group
0 comments:
Post a Comment