Saturday, December 5, 2015

သာမန်ရင်းနှီးမြှုပ်နှံမှုများထက် ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုစေ မည့် အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံ မှု များဖြစ်စေရေး ကို ဦးတည်ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြော


  မြန်မာနိုင်ငံ တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံ မှုများ မြှင့် တင်ရေးကို အလေးထားဆောင် ရွက်လျက် ရှိနေသော်လည်း သာမန် ရင်းနှီးမြှုပ်နှံ မှုများထက် ပြည်သူများ အတွက် အမှန်တကယ် အကျိုးပြုစေ မည့် အရည်အသွေးရှိသည့် ရင်းနှီး မြှုပ်နှံမှု များ ဖြစ်စေရေး ကိုဦးတည် ဆောင် ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် ဥက္ကဋ္ဌ ဦးဇေယျာအောင် က ဆိုသည်။

ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးဦးဇေယျာအောင်က ဒီဇင်ဘာ ၄ ရက်က ကုန်သည်စက်မှုအသင်း ချုပ်တွင် UN Global Compact Network Myanmar ၏ (၂)နှစ် ပြည့်အခမ်းအနားတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ မူဝါဒချမှတ်ရာ မှာ တာဝန်ယူမှုရှိသော စီးပွားရေး ဖြစ်စေရေး အတွက် ဆောင်ရွက်မှုများ အပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မ ရှင်၏ဆောင်ရွက်မှုများနှင့်ပတ် သက်ပြီး ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးဇေယျာ အောင်က''မြန်မာနိုင်ငံဟာ အခုအ ချိန်မှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို အလေးထားဆောင် ရွက်လျက်ရှိရာ မှာ သာမန်ရင်းနှီးမြှုပ်နှံမှုများ ထက် နိုင်ငံသားများအလုပ်အကိုင်အခွင့် အလမ်းပိုမိုရရှိစေခြင်း၊ နိုင်ငံသားများ နည်းပညာပိုမိုရရှိစေခြင်း၊ နိုင်ငံရဲ့ ပြည် ပပို့ကုန်မြှင့်တင်နိုင်ခြင်း၊ နိုင်ငံရဲ့ လူဘောင်အဖွဲ့ အစည်းများ အတွက် အကျိုးပြုခြင်းစတဲ့ အခြေခံမူများနဲ့ ပြည့်စုံ တဲ့အရည် အသွေးရှိတဲ့ရင်းနှီး မြှုပ်နှံမှု (Quality Investment) ပိုမိုရရှိရေးကို ဦးတည်ဆောင်ရွက် လျက်ရှိပါတယ်''ဟုဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်အနေဖြင့် တင်ပြလာသည့်ရင်း နှီးမြှုပ်နှံ မှုဆိုင်ရာ အဆိုပြုချက်များ အပေါ်အသစ်ပြဋ္ဌာန်း ထားသည့် ရင်း နှီးမြှုပ်နှံ မှုဥပဒေများနှင့်အညီ စိစစ်မှု အပြင်တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်း များဖြစ်စေရေးအတွက်ကို လုပ် ငန်းတစ်ခုချင်းအလိုက်ပတ်ဝန်းကျင် စီမံခန့်ခွဲ မှုအစီအစဉ်၊ ကနဦးပတ် ဝန်းကျင်ဆန်းစစ်ခြင်း၊ သဘာဝပတ် ဝန်းကျင် ထိခိုက် မှုဆန်းစစ်ခြင်း၊ လူမှု ဘဝသက်ရောက်ဆန်းစစ်ခြင်းစသည် တို့အား လုပ်ငန်း သဘာဝပေါ်မူတည် ကာ မဖြစ်မနေပြုလုပ်ရန် ညွှန်ကြား လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဇေယျာ အောင်က ''နိုင်ငံတော်အစိုးရအနေ နဲ့ ပုဂ္ဂလိကကဏ္ဍရဲ့ ဖန်တီးနိုင်မှုနဲ့ တီထွင်နိုင်မှုရရှိနိုင် ဖို့အတွက် ပိုမို ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင် ထူထောင်ရာမှာ လုပ်ငန်းရှင်များလွယ် ကူချောမွေ့စွာနဲ့ စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးကို ဦးတည် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်အစိုးရ အနေနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းများဖြစ်ပေါ်စေရေးအတွက် CSR ကိုလည်း အရေးကြီးတဲ့ လိုအပ် ချက်တစ်ခုအဖြစ် အစဉ်တစိုက်ထည့် တွန်းအားပေးမြှင့်တင်ခဲ့တာဖြစ်ပါ တယ်''ဟုဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အနေနဲ့ ရင်းနှီးမြှုပ် နှံ သူများ၏ အသားတင်အမြတ်ငွေ ထဲက ၂ ရာခိုင်နှုန်းခန့်ကို CSR လုပ် ငန်းများအတွက် ကျခံသုံးစွဲပေးရန်နှင့် UNGC အဖွဲ့ဝင်ဖြစ်ရေးကိုလည်း အား ပေးတိုက်တွန်း လျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီး ဦးဇေယျာအောင် ကဆိုသည်။
လက်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များသည် သက်ဆိုင်ရာ ဒေသများ နှင့် လူ့ဘောင်အသိုက်အဝန်းများ အပေါ် ဆိုးကျိုးများ ကျရောက် မှုမရှိ စေရေး အတွက် သက်ဆိုင်ရာတိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ညှိနှိုင်းဆောင် ရွက်ခြင်း၊ ကွင်းဆင်း စစ်ဆေးကြည့်ရှုခြင်းတို့ကိုလည်း လို အပ်သလိုဆောင်ရွက်လျက်ရှိသည့် အပြင် နိုင်ငံသားလုပ်သားများ ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိ စေရေး၊ ဥပဒေပြဋ္ဌာန်းချက်ပါအခွင့် အရေးများရရှိစေရေး၊ ရသင့်ရထိုက် တဲ့ လုပ်ခလစာနှုန်းထား များ ရရှိရေး နှင့် သင့်တော်ကောင်းမွန်တဲ့အလုပ် အကိုင်ပတ်ဝန်း ကျင်ဖြစ်စေရေး အ တွက်ကို အဆိုပြုလွှာတစ်ခုချင်းအ ပေါ်မှာ အသေးစိတ် စိစစ်မှုများ ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

Credit To >>> Democracy News 

0 comments:

Post a Comment