Monday, December 7, 2015

E-Lottery ထီစနစ် ကျင့်သုံးပါက ဈေးနှုန်းပိုရောင်းချခြင်းများ မဖြစ်ပေါ်နိုင်


ထီဖွင့်ရက်နီးလာလျှင် လက်မှတ်ဈေးနှုန်းများကို သတ်မှတ်နှုန်းထားများထက် ပိုမိုရောင်းချနေကြပြီး ယင်းကဲ့သို့ ရောင်းချမှုမဖြစ်ပေါ်စေရန် E-Lottery စနစ်ကို ကျင့်သုံးသင့်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် Ticket -Lottery (ထီလက်မှတ်)စနစ်ကို ကျင့်သုံးလျက်ရှိပြီး ယင်းစနစ်မှာ ထီလက်မှတ်များကို နယ်သို့ ဖြန့်ဖြူးရသည်။
သယ်ယူပို့ဆောင်ရေးစရိတ်ရှိသောကြောင့်အစိုးရသတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်းမရောင်းချနိုင်ဘဲ ပြင်ပပေါက်ဈေးတွင် ဈေးအနည်းငယ်မြင့်တက်နေရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
'' E-Lottery က electronic တွေနဲ့ သွားမယ်။ ဒီစနစ်သွားမယ်ဆိုရင် ကိုယ်ထိုးချင်သလောက်ရမယ်။ ကိုယ် ကြိုက်တဲ့ ဂဏန်းစက်မှာ သွားနှိပ်လို့ရတယ်။ ဈေးတက်လို့မရဘူး။
ဒါပေမဲ့လက်ရှိအချိန်မှာဒီစနစ်ဟာ အောင်ဘာလေထီဥပဒေကြမ်းထဲမှာ ရေးဆွဲထားပေမယ့် ၁၉၈၆ လောင်းကစားဥပဒေနဲ့ ငြိနေတဲ့အတွက် အမျိုးသားလွှတ်တော်က ပယ်ချတယ်။ ဒါကတော့ နိုင်ငံတကာ မှာလည်း ဒီလိုစနစ်တွေကျင့်သုံးနေတော့ မြန်မာနိုင်ငံမှာလည်း တချိန်ချိန်တော့ ဖြစ်လာနိုင်တာပေါ့''ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ELotteryစနစ်ကျင့်သုံးရန် အောင်ဘာလေသိန်းဆုဌာနခွဲသို့ နိုင်ငံခြားကုမ္ပဏီလေးခုမှလာရောက်ကမ်းလှမ်းသော်လည်း အောင်ဘာလေထီဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်းမရှိသောကြောင့် လက်မခံသေးကြောင်း ၎င်းက ပြောသည်။
အဆိုပါ E-Lottery စနစ် ကျင့်သုံးမည်ဆိုလျှင် လက်ပွေ့ရောင်းချသူများမှာ အခက်အခဲရှိလာနိုင်ကြောင်း အလုပ်လက်မဲ့များ ပေါများလာမည်ဟု ထီလက်ပွေ့ရောင်းသူ ကိုသားကြီးက ပြောသည်။
''ဈေးများတယ်ဆိုတာလည်း အခု ခေတ်ကုန်ဈေးနှုန်းက အစစအရာရာတက် နေတာ။ သယ်ယူခစရိတ်လည်း ရှိတော့ ဈေးနည်းနည်းတက်တာပေါ့။
ဒီလို E-Lottery စနစ်လုပ်မယ်ဆိုရင် ထီလုပ် ငန်းရှင်ကလွဲလို့ အောက်ခြေ ကလူတွေ အလုပ်လက်မဲ့ဖြစ်လာလိမ့်မယ်''ဟု ၎င်းက ပြောသည်။

Credit To .>>> NewsWatch Journal News

0 comments:

Post a Comment