Monday, December 28, 2015

ဦးပိန်တံတားကို သမ္မတရန်ပုံငွေဖြင့် ဖေဖော်ဝါရီလတွင် စတင်ပြင်ဆင်မည်


ဦးပိန်တံတားပြုပြင် နေစဉ် ရေဘေးကြုံခဲ့သဖြင့် ခေတ္တဆိုင်းငံ့ထားခဲ့ရာ ၂၀၁၆ ဖေဖော်ဝါရီတွင် ပြင်ဆင်မှုများ စ တင်နိုင်မည်ဖြစ်ကြောင်း မန္တလေး တိုင်းဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန ၀န်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ဒေသ ဖွံ့ဖြိုးရေးသီးသန့်ရန်ပုံငွေမှ ကျပ် သိန်း ၂,၂၇၀ အသုံးပြု၍ ဦးပိန် တံတားကိုပြင်ဆင်မည်ဟု ယဉ် ကျေးမှုဝန်ကြီးဌာနက ၂၀၁၅ ဇွန် လတွင်အသိပေးခဲ့သည်။သို့သော် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ် ပွားခဲ့၍ နိုင်ငံတော်သမ္မတရန်ပုံငွေ ဖြင့် ရေဘေးကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ရသဖြင့် ဦး ပိန်တံတားပြင်ဆင်မှုကို ခေတ္တ ဆိုင်းငံ့ခဲ့သည်။

‘‘အခုသစ်ရှာနေတယ်။ သစ် ကလည်း ရဖို့ရှိနေပါပြီ။ သစ်ရ တာနဲ့ လုပ်တော့မှာပါ။ သယ်ဖို့ လုပ်နေပြီ။ အကြမ်းဖျင်းသယ်တာ ပြုတာနဲ့ဆိုရင် ဖေဖော်ဝါရီ ပထမ ပတ်လောက် စနိုင်မှာပါ’’ဟု ၀န် ကြီး ဒေါက်တာမြင့်ကြူက ပြော သည်။

ဦးပိန်တံတားပြင်ဆင်ရန် အမရပူရမြို့ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာနှင့် အရပ်ဘက်အဖွဲ့အစည်းများတွေ့ ဆုံကာ စီမံချက်များရေးဆွဲထား သည်ဟုဆိုသည်။ စီမံချက်တွင် ဦးပိန်တံတားပြင်ဆင်ပြီးပါက ညဘက်လူခြေတိတ်ချိန် လျှပ်စစ် မီးတိုင်များထွန်းခြင်း၊ လုံခြုံရေး များချထားခြင်း၊ တံတားပျက်စီး စေသူများကို အရေးယူခြင်း၊ နိုင်ငံ ခြားသား ဧည့်သည်များကိုတံတား ဖြတ်သန်းခကောက်ခံခြင်း အစရှိ သည့် လုပ်ငန်းများပါဝင်သည်။

ဦးပိန်တံတားရှိ ပျက်စီးနေ သော အခန်းပေါင်း ၂၁ ခန်းကို ၂၀၁၄ မတ်လ ၁၉ ရက်မှစတင် ကာ မန္တလေးတိုင်းဒေသကြီး အ စိုးရအဖွဲ့နှင့် ပြင်ပအလှူရှင်များ အစီအစဉ်ဖြင့် ကျပ်သိန်း ၁၃၀ ဖြင့် အကုန်အကျခံ၍ ပြင်ဆင်ခဲ့ သည်ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

ဦးပိန်တံတားသည် ကျွန်း တိုင်လုံးပေါင်း ၁,၀၈၆ တိုင်ရှိပြီး ၃,၉၆၇ ပေရှည်လျားကာ တောင် သမန်အင်းပေါ်တွင် အမရပူရမြို့ နှင့်အရှေ့ဘက်ရှိ တောင်သမန် ကျေးရွာကို ဆက်သွယ်ထားခြင်း ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၁၁ (ခရစ်နှစ် ၁၈၉၄) တွင် မြို့စာရေး ဦးပိန်က တည်ဆောက်ခဲ့ခြင်းဖြစ် သည်။

Credit To >>> 7Day News Journal

0 comments:

Post a Comment