Friday, December 11, 2015

စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာကို ယခုအစိုးရသက်တမ်းအတွင်း ခွင့်ပြုမည်

ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများကိုဝန်ဆောင်မှုပေးမည့်စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာကို ယခုအစိုးရသက်တမ်းအတွင်းခွင့်ပြုနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါဆက်သွယ်ရေး အော်ပရေတာအသစ် အတွက် ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် Myanmar National Telecom Holdings Public Ltd အဖြစ်ဖွဲ့စည်းထားပြီးမိတ်ဖက်လုပ်ဆောင်မည့် နိုင်ငံခြားကုမ္ပဏီကိုလာမည့်နှစ်လအတွင်း ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။"စတုတ္ထအော်ပရေတာအတွက်က နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီကို ရွေးချယ်ဖို့ပဲလိုတော့တယ်။ ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်း ပြီးအောင်လုပ်နိုင်ဖို့ မှန်းထားတယ်" ဟု ၎င်းက ပြောသည်။
ဝန်ကြီးဌာနကခွင့်ပြုပေးထားပြီးဖြစ်သော နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကိုရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်ပေးထားသော်လည်း ယခုထပ်မံခွင့်ပြုမည့် စတုတ္ထမြောက် အော်ပရေတာတွင်မူ နိုင်ငံခြားကုမ္ပဏီကို ရာခိုင်နှုန်းတစ်ခုဖြင့်သာ ရင်းနှီးမြှုပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။အဆိုပါအော်ပရေတာသစ်တွင်ပါဝင်သည့် ပြည်တွင်းအများပိုင်ကုမ္ပဏီများ၏ရင်းနှီးမတည်ငွေမှာအနည်းဆုံးကျပ်ငွေသုံးဘီလီယံရှိပြီးအစိုးရကအထူးစီပွားရေးဇုန်များကဲ့သို့ရှယ်ယာတစ်ခုပါဝင်ကာလုပ်ဆောင်မည်ဖြစ်သည်။
 Credit to >>> The Voice

0 comments:

Post a Comment