Friday, December 4, 2015

အူရီဒူးက ဖုန်းဘီလ် ကျပ်နှစ်သောင်းဖိုးဖြည့်လျှင် ဆတူ အပိုထပ်ပေးမည်


အူရီဒူးဆင်းမ်ကတ်အသုံးပြုသူများအနေနှင့် ဖုန်းဘီလ် ကျပ်နှစ်သောင်းဖြည့်သွင်းပါက အပိုဆုကြေးအဖြစ် ကျပ်နှစ်သောင်းရရှိမည်ဖြစ်ကြောင်း အူရီဒူး မြန်မာက ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပေးသွားမည်ဖြစ်ကြောင်း၊ စာတိုပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်အသုံးပြုခြင်းတို့အပြင် အင်တာနက်အစီအစဉ် (Data Package) များ ဝယ်ယူရာတွင်ပါ အသုံးပြုနိုင်ကြောင်း အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Rene Meza က ဆိုသည်။
အပိုထပ်ဆောင်းပေးမည့်ဖုန်းဘီလ်များ၏သက်တမ်းမှာ သာမန်ဖုန်းခေါ်ဆိုခြင်း၊စာပို့ခြင်းများအတွက် အသုံးပြုပါက ၁၅ ရက်သက်တမ်းဖြစ်သော်လည်း အဆိုပါထပ်ဆောင်းငွေဖြင့် အင်တာနက် Package များဝယ်ယူပါက တစ်လအထိသက်တမ်းရှိကြောင်း အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောကြားသည်။
ကျပ်နှစ်သောင်းဖြည့်သွင်းသူများကိုသာမက ၁၀၀၀ ကျပ်ဖြည့်သွင်းသူများကို ၂၀၀ ကျပ်၊ ၃၀၀၀ ကျပ်ဖြည့်သွင်းသူများကို ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်ဖြည့်သွင်းသူများကို ၂၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ်ဖြည့်သွင်းသူများကို ၅၀၀၀ ကျပ်စီ အသီးသီးထပ်ဆောင်းပေးမည်ဖြစ်ကြောင်း အူရီဒူးက ထုတ်ပြန်ထားသည်။

Credit To.>>> 

0 comments:

Post a Comment