ရန်ကုန်- ဗီယက်နမ်လေကြောင်း လိုင်းတစ်ခုဖြစ်သည့် Vietjet လေ
ကြောင်းလိုင်းသည် ဗီယက်နမ် နိုင်ငံ၏ ခရီးသွားနှင့် စီးပွားရေး
အချက်အချာကျသည့် ခရီးစဉ် သစ်နှစ်ခု ထပ်မံပြေးဆွဲမည်ဟု သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံရှိ နားထရန် - ဟိုင်ဖောင်ခရီးစဉ်သစ်နှင့် ဗန်းင်-ဘွန်မသောက်(တ်)ခရီးစဉ်တို့ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်တွင် နားထရန်-ဟိုင်ဖောင် ခရီးစဉ်ကို တစ်ပတ်လျှင် ငါးကြိမ် နှုန်း၊ ၂၀ ရက်တွင် ဗန်းင်-ဘန်မသောက်(တ်) ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ်နှုန်း ပျံသန်းမည် ဖြစ်သည်။
ရန်ကုန်နှင့် ဟိုချီမင်းမြို့များ သို့ သွားလာမည့် မြန်မာနိုင်ငံမှ ခရီးသွားများအတွက် ယင်းခရီးစဉ်သစ်စဉ်နှစ်ခုဖြင့် ဟိုချီမင်း၊ နားထရန်နှင့် ဗန်းမြို့များသို့ လွယ်ကူစွာ ချိတ်ဆက်သွားလာနိုင်ရန် စီစဉ် ထားခြင်းဖြစ်သည်။
ခရီးစဉ်သစ်နှစ်ခု တစ်ပြိုင်နက် စတင်ပျံသန်းခြင်း အထိမ်းအမှတ်အဖြစ် Vietjet မှ အဆိုပါ ခရီး စဉ်သစ်နှစ်ခုလုံးအတွက် လေယာဉ်လက်မှတ်များကို အမေရိ ကန်ဒေါ်လာ ၁၇ ဒသမ ၉၁ မှစ၍ ရောင်းချမည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ခရီးသွားများ သည် ယင်းခရီးစဉ်သစ်နှင့်အတူ ဗီယက်နမ်နိုင်ငံ၏ တတိယအကြီး ဆုံး မြို့တော်၊ ဗီယက်နမ်မြောက် ပိုင်းဒေသ၏ အရေးပါသည့် ပင် လယ်ဆိပ်ကမ်းမြို့ ဟိုင်ဖောင်သို့ ပါ လည်ပတ်နိုင်မည် ဖြစ်သည်။
ဘွန်မသောက်(တ်)မြို့ သည်လည်း ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်း ကုန်းမြင့်ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး ကော်ဖီထွက် ရှိရာ အဓိကမြို့ ဖြစ်သည်။
Credit To >>> 7Day News

0 comments:
Post a Comment