Thursday, November 19, 2015

ရုရှားလေယာဉ်ကို Schweppes ဖျော်ရည်ဗူးထဲတွင်ထည့်ထားသော ဗုံးဖြင့် ပျက်ကျစေခဲ့ကြောင်း အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ ပြော


  နိုဝင်ဘာ ၁၈ တွင် အစ္စလာမ္မစ် နိုင်ငံ အဖွဲ့မှ ထုတ်ဝေသော Dabiq မဂ္ဂဇင်း၌ Schweppes ဖျော်ရည်ဗူးထဲတွင် ဗုံးကို ထည့် ကာ လူ ၂၂၄ ဦးလိုက်ပါလာသော ရုရှားလေယာဉ်ကို ပျက်ကျစေ ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် ရေးသားထားသည်။
အနောက်နိုင်ငံအစိုးရများအနေဖြင့် ရုရှားလေယာဉ် ပျက်ကျရခြင်း အကြောင်း မှာ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ပြော ဆိုနေ ခဲ့ပြီး ဖြစ်သော် လည်း ရုရှားနိုင်ငံအနေဖြင့် နိုဝင်ဘာ ၁၇ ရောက်မှ သာ အတည်ပြုခဲ့သည်။

သို့သော် အီဂျစ်အစိုးရ အကြမ်းဖက်ခံရသည့် သက်သေ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရြှိုခင်း မရှိသေးကြောင်း ပြောကြားထားသည်။

0 comments:

Post a Comment