Friday, November 27, 2015

IP Star အသုံးပြုသူများ အတွက် ဂြိုလ်တု ပြောင်းလဲချိတ်ဆက်



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် C - band IP Star အသုံးပြုသူများ အတွက် ချိတ်ဆက်ထားသည့် ဂြိုလ်တုကို ပြောင်းလဲ ချိတ်ဆက်မည်ဖြစ်ကြောင်း ၎င်းတို့၏ IP Star အသုံးပြုသူများကို အသိပေး ကြေညာခဲ့သည်။

လက်ရှိ ချိတ်ဆက်ထားသည့် Thaicom 5 ဂြိုလ်တုမှ Thaicom 7 ဂြိုလ်တုသို့ပြောင်းလဲ ချိတ်ဆက်ခြင်း ဖြစ်သည့်အတွက် C - band IP Star အသုံးပြုသူများ အနေဖြင့် စက်ပစ္စည်းပြောင်းလဲ တပ်ဆင်ရန် လိုအပ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။
စက်ပစ္စည်းများ ပြောင်းလဲ တပ် ဆင်ခြင်းနှင့် Antenna ပြောင်း ရွှေ့ ချိန်ညှိခြင်းအတွက် Thaicom ကုမ္ပဏီမှ အခမဲ့ လုပ်ကိုင်ပေးမည် ဖြစ်သည့် အတွက် IP Star အသုံးပြုသူများသည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဆက်သွယ်ရန် လိုအပ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ဆက်သွယ် အကြောင်းကြားခြင်း မရှိခဲ့ပါက စက်ပစ္စည်းများ ပြောင်းလဲ တပ်ဆင်ခြင်းနှင့် Antenna ပြောင်း ရွှေ့ ချိန်ညှိခြင်းအတွက် IP Star အသုံးပြုသူများက ကုန်ကျစရိတ် ကျခံရမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။
Thaicom 5 ဂြိုလ်တုမှ Thaicom 7 ဂြိုလ်တုသို့ပြောင်းလဲ ချိတ်ဆက်ခြင်းကို Thaicom ကုမ္ပဏီအနေဖြင့် ဧပြီလမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အ ချိန်အထိ ဂြိုလ်တုစနစ်ကို ပြောင်းလဲ ချိတ်ဆက်ရခြင်း မရှိသူများသည် ဖုန်းနံပါတ် ၆၅၃၃၉၇ သို့ ဆက်သွယ်ရမည်ဟု သိရသည်။

Credit To >>> Internet Journal News 

0 comments:

Post a Comment