Tuesday, November 24, 2015

ငွေလဲနှုန်း ထိန်းချုပ်မည်ပြောပြီး သုံးရက်အကြာ တစ်ဒေါ်လာ ကျပ် ၁,၃၀၀ ကျော်

 ဗဟိုဘဏ်တာဝန်ရှိသူများက ငွေလဲနှုန်း မြင့်တက်မှုကို ထိန်းချုပ်မည်ဟု ပြောကြားပြီး သုံးရက်အကြာ ရည်ညွှန်းနှုန်းမှာ မကျဘဲ မြင့်တက်နေသဖြင့် ၂၀၁၅ အတွင်းပြင်ပ ငွေလဲနှုန်း သည် ဒုတိယအကြိမ် တစ်ဒေါ်လာ လျှင် ကျပ် ၁,၃၀၀ ကျော်ဖြစ်လာသည်။

နိုဝင်ဘာလဆန်းမှစတင်၍ မြင့်တက်လာသော ရည်ညွှန်းငွေ လဲနှုန်းကို မကြာမီ ထိန်းချုပ်မည် ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါက် တာဆက်အောင်က နိုဝင်ဘာ ၂၁ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ သ တင်းထောက်များအား ပြောကြား ခဲ့သည်။ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ယင်းသို့ ပြောကြားသော်လည်း သုံးရက်အကြာ ဈေးဖွင့်ချိန်တွင် ရည်ညွှန်းနှုန်းသည် ၁,၂၉၉ ကျပ်သို့ မြင့်တက်လာသည်။ ဗဟိုဘဏ်က ရည်ညွှန်းနှုန်း မြင့်တက်မှုကြောင့် ပြည်ပဈေးကွက်တွင် ငွေ လဲနှုန်းသည် ညနေဈေးပိတ်ချိန်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၀၄ ကျပ်ထိ မြင့်တက်လာ သည်။ ‘‘အ၀ယ်ကများနေတယ်။ ဒီနေ့မှာ ဈေးကပိုတက်လာတာပါ’’ ဟု ရွှေဘုံသာလမ်းမှ ပြင်ပငွေလဲ လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အမေရိကန် ဒေါ်လာဈေး သည် ယခုနှစ်ဇွန်လအတွင်းက လည်း ပြင်ပဈေးကွက်တွင် ၀ယ် လိုအားများခြင်းကြောင့် တစ်ဒေါ် လာလျှင် ၁,၃၀၀ ကျပ်ကျော် ဈေး နှုန်းမြင့်တက်လာခဲ့ကြောင်း ပြည် တွင်း စီးပွားရေး လုပ်ငန်းများက ပြောသည်။
ရည်ညွှန်းငွေလဲနှုန်း မြင့် တက်မှုနှင့်ပတ်သက်၍ ဗဟိုဘဏ် က ဆွဲတင်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိ ကဘဏ်များက လေလံဈေးကွက် တွင် ဈေးမြှင့်၍ လေလံဆွဲခြင်း ကြောင့်ဟု  ဒေါက်တာ  ဆက် အောင်က ဆိုသည်။
ဗဟိုဘဏ်ကရောင်းချသော နိုင်ငံခြားငွေကို လေလံဈေးကွက် တွင် ပုဂ္ဂလိကဘဏ်များက နေ့ စဉ်ဝယ်ယူရာ၌ ဈေးကွက်ပေါက် ဈေးအတိုင်းသာ နှုန်းသတ်မှတ် ပေးရကြောင်း ပြည်တွင်းမှဘဏ် လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးက ပြောသည်။ ဈေးနှုန်းသတ်မှတ်ရာ တွင်လည်း ဈေးကွက်ပေါက်ဈေး နှင့် ချင့်ချိန်ပြီးမှ အများဆုံးဈေး ပေးသော ဘဏ်ကိုသာ ရောင်းချ ပေးခြင်းဖြစ်သည်ဟု ဒေါက်တာ ဆက်အောင်က ပြောသည်။
ငွေလဲနှုန်းမြင့်တက်မှုသည် လက်ရှိအချိန်တွင် ကုန်သွယ်ရေး လိုငွေများနေပြီး နိုင်ငံတကာတွင် လည်း ဒေါ်လာတန်ဖိုးမြင့်တက်နေ ခြင်းကြောင့်ဟု ပြည်တွင်း စီးပွား ရေးသမားများက ပြောသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဧပြီမှစက် တင်ဘာအထိ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် လိုငွေပမာဏမှာ အမေရိကန်ဒေါ် လာ ၂ ဒသမ ၂ဘီလီယံကျော်ထိရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
‘‘ကုန်သွယ်မှုကလည်း ပို့ ကုန်ကမည်မည်ရရမရှိသလို သွင်း ကုန်ကလည်းစားအုန်းဆီနဲ့ စက် သုံးဆီပဲအဓိကရှိနေတယ်။တခြား သွင်းကုန်သမားတွေဆို အလုပ်မ ဖြစ်လို့ မသွင်းနိုင်ကြဘူး’’ ဟုပြည်ပသို့ဆန်တင်ပို့နေသော လုပ်ငန်းရှင်ဦးမျိုးသူရအေးက ပြောသည်။
 
 
Credit To >>>  

0 comments:

Post a Comment