Tuesday, November 24, 2015

လက်ရျိအစိုးရအဖွဲ့ဦးဆောင်လုပ်ကိုင်လျက်ရှိသည့် ရန်ကုန်အများပိုင်ယာဉ်လိုင်း ရှယ်ယာရောင်းချမှုရွေးကောက်ပွဲပြီးနောက် လူစိတ်ဝင်စားမှု လျော့ကျလာ



လက်ရှိရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦး ဆောင်လုပ်ကိုင်လျက်ရှိသည့် ရန်ကုန် ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ရှယ်ယာရောင်းချ မှုသည် အထွေထွေရွေးကောက်ပွဲ အ ပြီးတွင် လူစိတ်ဝင်စားမှုနှင့် ဝယ်ယူမှု လျော့ကျလာခဲ့သည်ဟု အဆိုပါ ကုမ္ပ ဏီမှ သိရသည်။


ကုမ္ပဏီက လုပ်ဆောင်လျက် ရှိသည့် အများပိုင် ယာဉ်လိုင်းပြေးဆွဲ မည့် စီမံကိန်းများသည် လက်ရှိအစိုးရ အဖွဲ့က ဦးဆောင်လုပ်ကိုင် နေခြင်းဖြစ် ပြီး ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ် လာပြီးနောက် အစိုးရအသစ် ဖွဲ့စည်း ပြီးချိန်တွင် ဆက်လက်လုပ်ဆောင်နိုင် ခြင်းမရှိမည်ကို ဝယ်ယူသူများက စိုးရိမ် နေကြခြင်းဖြစ်ပြီး ကုမ္ပဏီကမူ အဆိုပါ စီမံကိန်းများကို မဖြစ်မနေ ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ် သည်ဟု ဥက္ကြဖြစ်သူ ဒေါက်တာမောင် အောင်က ပြောသည်။

 ''အစိုးရပိုင်းတွေ ပါနေတော့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ နောင် အစိုးရတက်ရင် ဘာဖြစ်မလဲဆိုတဲ့ မေး ခွန်းတွေ ရှိလာတယ်။ ဒီပရောဂျက်ကို လက်ရှိအစိုးရက အဓိက လုပ်ထားတာ ဆိုတော့ လူတွေ အမျိုးမျိုး တွက်ဆကြ မှာပဲ။ ဒါကို ကျွန်တော်တို့ ပြောလို့ မရ ဘူး။ ဝယ်တဲ့သူတွေဘက်က စိုးရိမ်တာ တော့ သူတို့အပိုင်းပေါ့။ ကျွန်တော်တို့ ဘက်က ပြောနိုင်တာကတော့ ဒါက အ များပြည်သူ သွားလာရေး ဖြစ်တဲ့အတွက် ဘယ်သူပဲလုပ်လုပ် လုပ်ရမှာပဲ။ လုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ''ဟု ယင်းက ဆက်ပြောသည်။

ရန်ကုန်ဘတ်စ်ကား အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သည် ရင်းနှီးမြ§ုပ်နှံမှုနှင့် ကုမ္ပဏီများ ñွှန် ကြားမှုဦးစီးဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိပြီးဖြစ်သည့်အတွက် ယခုလ ၃ ရက် မှစတင်၍ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလကုန် အထိ အများပြည်သူအား ရှယ်ယာရောင်း ချခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး ယခု လ ၁၉ ရက်အထိ ဝယ်ယူသူ ၂၃ဝ ကျော် ကို ရှယ်ယာတန်ဖိုး သိန်းပေါင်း ၄၅ဝဝ ကျော်အထိ ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

ရှယ်ယာတစ်စုလျှင် တစ်သိန်း ကျပ်ဖြင့်၊ အရေအတွက် ငါးသောင်း သတ် မှတ် ရောင်းချသွားမည်ဖြစ်ပြီး တစ်ဦး လျှင် အနည်းဆုံး တစ်စုမှ အများဆုံးအ စု တစ်ထောင်အထိ ဝယ်ယူနိုင်ရန် သတ် မှတ်ထားသော်လည်း လက်ရှိတွင်မူ အ များဆုံး သိန်းတစ်ရာဖိုးသာ ဝယ်ယူသူရှိ ပြီး၊ သိန်းတစ်ထောင်ဖိုးဝယ်ယူရန် ကမ်း လှမ်းထားသူများရှိကြောင်း သိရသည်။

''သိန်း ၁ဝဝဝ အထိ ဝယ် ချင်တယ်ဆိုရင် ြဦ မှာ ဆွေးနွေးရ မယ်။ ဒါပေမဲ့ အသေးစား ဝယ်ယူသူကို ပဲ ဦးစားပေးမှာဆိုတော့ လောလောဆယ် မှာ သိန်းတစ်ထောင်ဖိုး ရောင်းပေးဖို့ မ စဉ်းစားသေးဘူး။ ရောင်းချမှု ပိတ်ခါနီး ဝယ်မယ့်သူ မရှိတော့ဘူးဆိုရင်တော့ ဒီ လူတွေကို ထုတ်ရောင်းမယ်''ဟု ဒေါက် တာမောင်အောင်က ဆက်ပြောသည်။

အဆိုပါ အများပိုင်ကုမ္ပဏီ ကို ဏကဘူငခ ဏမငလအေန ဏမေအညနမျ့ငစ(ဏဏဏ) အစီအစဉ်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ် ပြီး ရှယ်ယာအချိုးအစားအရ နိုင်ငံတော် မှ ၄ဝ ရာခိုင်နှုန်းပါဝင်နေပြီး ပထမအ ဆင့် ထည့်ဝင်အရင်းအနှီး ၂၅ ဘီလီယံ အနက် နိုင်ငံတော်မှ ၁ဝ ဘီလီယံပါဝင် နေသည်။

Credit To  >>> FLower News


0 comments:

Post a Comment