Wednesday, November 18, 2015

မန္တလေးတွင် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးစစ်ဆေးခြင်း တစ်လကျော် ရပ်နားထားရာမှပြန်လည်စတင်


မန္တလေးမြို့ပေါ်တွင် နေ့အချိန် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးသတ် ဖြတ်ခံရပြီးနောက် တစ်လကျော်ကြာရ ပ်တန့်ထားသည့်စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးစစ်ဆေးခြင်းကို နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လည် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 ‘‘ယာဉ်ထိန်းရဲအသတ်ခံ လိုက်ရပြီးတဲ့နောက်ပိုင်းမှာ ပညာ ပေးအနေနဲ့ စစ်ဆေးတာမျိုးလုပ် တယ်။ ဖမ်းဆီးတာမျိုးမလုပ် တော့ဘူး။ ဒါပေမဲ့ လူတွေက တ အားကို စည်းကမ်းပျက်လာတယ်။ ယာဉ်တိုက်မှုတွေ၊ သေဆုံးတာ တွေပါ များလာတဲ့အတွက် ပြန် လည်ဖမ်းဆီးတာဖြစ်တယ်’’ဟု မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ကျော် ဆန်းက ပြောသည်။
 မန္တလေးတိုင်းဒေသကြီးအ တွင်းရှိ  မြို့နယ်ခုနစ်မြို့နယ်ရှိ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်း  ပညာ ပေးကာလပြီးဆုံးသွားသည့်အ တွက် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးစစ်ဆေးခြင်းကို နိုဝင်ဘာ ၁၇ ရက်တွင်  ပြန်လည်စတင်ခဲ့ ကြောင်း အမှတ် (၁၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်လည်းပါသလို စည်းကမ်းပျက်ယာဉ်တွေ များလာတဲ့အတွက် စတင်ဖမ်းဆီးတာဖြစ်တယ်။ အချိန်ကာသတ်မှတ်ထားတာမရှိပါဘူး။ ဆက်လက်ဖမ်းဆီးမှာဖြစ်တယ်’’ဟု၎င်းက ပြောသည်။
ယာဉ်စည်းကမ်းလမ်းစည်း ကမ်း ဖမ်းဆီးစစ်ဆေးအရေးယူ ခြင်းကို ရွေ့လျားအဖွဲ့ခုနစ်ဖွဲ့ဖြင့် လှည့်လည် ဆောင်ရွက်နေရာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနှင့် မီးသတ်တပ်ဖွဲ့ ၀င်များဖြင့် စစ်ဆေး၍ စည်းကမ်း ချိုးဖောက်သော မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ၂၀၁၅ မော်တော်ယာဉ်နည်းဥပဒေဖြင့် ဒဏ်ကြေးပေးဆောင်သည့် ဖြတ် ပိုင်းဖြတ်၍ အရေးယူသွားမည်ဖြစ် ကြောင်း အမှတ် (၁၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရ သည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၅ ဇန်န၀ါရီမှ အောက်တိုဘာ အထိ ယာဉ်တိုက်မှုကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့သည်။ မန္တလေးခရိုင်တွင် ယာဉ်တိုက်မှု ၂၄၇ မှုအထိ ဖြစ်ပွားခဲ့ကာ ၁၃၈ ဦးသေဆုံးခဲ့ကြောင်း တိုင်းဒေသ ကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့မှူးရုံးမှ မှတ်တမ်းအရ သိရသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment