Thursday, November 12, 2015

မော်ချီးသတ္တုတွင်းဒေသအတွင်း မြေပြိုမှုအန္တရာယ်မရှိတော့ကြောင်း အတည်ပြုပြီးမှသာ ပိတ်ထားရဆဲကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်

ကယားပြည် နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး သတ္တုတွင်းဒေသမှ မြေပြိုမှုအန္တရာယ် ကြောင့် ပိတ်ထားရသည့် စာသင်ကျောင်း လေးကျောင်းကို အဆိုပါမိုင်းဧရိယာအတွင်း ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်ပြီး အန္တရာယ်မရှိကြောင်း အတည်ပြုပြီးပါက ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။

ယင်းမြေပြိုမှုကြောင် ယနေ့အချိန်ထိ ပိတ်ထားရဆဲဖြစ်သည့် စာသင်ကျောင်း များမှာ မော်ချီးကျေးရွာ အုပ်စု၊ တောင်ပေါ်ရပ်ကွက်အခြေခံ ပညာအလယ် တန်းကျောင်း၊ ၁၆ ကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၊ ၁၃ ကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းနှင့် လိုခါးလိုကျေးရွာ ကွက်သစ်ရပ်ကွက်မှ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။
''အန္တရာယ်ရှိတဲ့ အနေအထား ကြောင့် ပိတ်ထားရဆဲ စာသင်ကျောင်း လေးကျောင်းကို မိုင်းတွင်းဧရိယာ ကွင်းဆင်းဆောင်ရွက် ထားတာတွေ ကိုအတည်ပြုပြီးရင် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်သွား မှာပါ။အခု လောလောဆယ်အဲဒီကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ များ နီး စပ်ရာကျောင်းတွေမှာ ကျောင်းတက်နေကြပါတယ်''ဟု ဖားဆောင်းမြို့ နယ်အုပ်ချုပ်ရေးမှူးဦးဝေလင်းထွန်းကပြောသည်။
အဆိုပါ မော်ချီးကျေးရွာအုပ်စုတွင် အခြေခံပညာစာသင်ကျောင်း စုစုပေါင်းခြောက်ကျောင်းရှိပြီး၊ အန္တရာယ်ရှိသည့် စာ သင်ကျောင်းဆောင် လေးဆောင်ကို ယာယီပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ကယား ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ''ပိတ်ထားတဲ့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ က မော်ချီးအခြေခံပညာအထက်တန်း ကျောင်းနဲ့ လိုခါးလိုကကျောင်းတွေ မှာတွဲဖက်ပြီးတက်နေကြပါတယ်''ဟုပြောသည်။
အဆိုပါဒေသတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အောက်တိုဘာ ၁၁ ရက်နေ့၊ နေ့ လယ်ပိုင်းတွင် မြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး၊ လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ၊ လွန်ခဲ့သည့်တစ်ပတ် ကျော်ခန့် က မော်ချီးသတ္တုတွင်း ဧရိယာတွင် ကယားပြည်နယ်အစိုး ရအဖွဲ့မှ သတ္တုတွင်းဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး ဘူမိဗေဒအဖွဲ့နှင့် ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Credit To >>> Democracy News 

0 comments:

Post a Comment