Thursday, November 12, 2015

ရွေးကောက်ပွဲရလဒ်များနှင့် တိုင်ကြားခြင်းများကို နိုင်ငံတကာရွေးကောက် ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ANFREL က ဆက်လက်လေ့ လာစောင့်ကြည့်မည်


နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးအဖွဲ့ ANFREL ၏ကာလရှည် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ မှ နိုဝင်ဘာ ၂၀ ရက်အထိရွေး ကောက်ပွဲရလဒ်များနှင့် တိုင်ကြားခြင်းများ ကိုလည်း ဆက်လက်လေ့ လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ANFREL သည် လက်ရှိ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အား နိုင်ငံပေါင်း ၁၈ နိုင်ငံမှရွေး ကောက်ပွဲလေ့လာစောင့်ကြည့်သူ ၄၇ ဦးမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မဲရုံပေါင်း ၃၀၃ ရုံအား နိုဝင်ဘာ ၈ ရက်က လေ့ လာခဲ့ကြောင်း သိရသည်။
အဆိုပါလေ့လာတွေ့ရှိချက်များအပေါ် မူတည်ကာ ယင်းတို့၏ ပမာဏထုတ်ပြန်ချက် နိုဝင်ဘာ ၁၁ ရက်ကထုတ်ပြန်ခဲ့ပြီး ဆက် လက် လေ့လာတွေ့ရှိချက်များကိုလည်း ထုတ်ပြန်ချက်များကိုဖော်ပြသွား မည်ဖြစ်ကြောင်း သိရသည်။
ANFREL ၏ ဥက္ကဋ္ဌ Mr. Damaso G. Magbual က ''ရွေး ကောက် ပွဲကော်မရှင်အနေနဲ့သူတို့ အကောင်းဆုံးလုပ်ခဲ့တယ်လို့ထင် ပါတယ်။ ဥပမာအနေနဲ့ပြောရရင် အရင်တုန်းကရွေးကောက်ပွဲလေ့လာစောင့် ကြည့်တဲ့အဖွဲ့တွေကို ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ အခုဆိုရင် နိုင်ငံ တကာနဲ့ ပြည်တွင်းလေ့ လာသူကိုလည်း ခွင့်ပြုထားတယ်။ နိုင်ငံရေး ပါတီတွေနဲ့ညှိနှိုင်းပြီး လိုက် နာရမယ့်စည်းကမ်းတွေကိုလည်းသတ် မှတ်ခဲ့တယ်။ လက်ရှိရွေးကောက် ပွဲကော်မရှင်ရဲ့ဆောင်ရွက်မှုတွေ ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့အခြေခံ အားဖြင့်တော့ ကိုက်ညီပါတယ်။ ဒါပေမဲ့ ဒီထက်ကောင်းအောင်လုပ် ဖို့နည်းလမ်းတွေတော့ ရှိနေပါသေး တယ်''ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ ၌ ပိုမိုရင့်ကျက်လာသည်နှင့်အမျှ ရွေး ကောက် ပွဲများသည် ယခုထက်ပိုပြီး အများပါဝင်သောရွေးကောက်ပွဲများ ဖြစ်လာရန် ANFREL က မျှော် လင့်ထားပြီး မဲပေးခွင့်ရသူတော်တော်များများ ဆန္ဒမဲပေးခွင့်ဆုံးရှုံးခဲ့ရခြင်းသည် လက်ရှိရွေးကောက် ပွဲ၏အကြီးမားဆုံးသော ချို့ယွင်း အားနည်းချက်ဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် မဲရုံများကိုတပ် များနယ်မြေမှာမထားဘဲ ပုံမှန်မဲ ရုံများတွင် တပ်မတော်သားများကို မဲထည့်စေခြင်းအားဖြင့် တပ်မတော် သားတစ်ဦးချင်း၏ မဲပေးမှုအခွင့် အရေးကိုကာကွယ်ပေးပြီး ရွေးကောက် ပွဲလုပ်ငန်း၏ အားနည်းချက်ကို ဖယ်ရှားနိုင်မည်ဖြစ်သည်ဟု နိုင်ငံ တကာရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ရေးအဖွဲ့ ANFREL က ဆိုသည်။
တပ်နှင့် ရဲများနေထိုင်သည့် အချို့သောမဲဆန္ဒနယ်ပြင်ပနယ်မြေ များတွင် ကြိုတင်မဲပေးမှုကိစ္စများသည် စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတကာရွေးကောက် ပွဲလေ့လာစောင့် ကြည့်ရေးအဖွဲ့ ANFREL ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
၂၀၁၀ ရွေးကောက်ပွဲထက် တိုး တက်လာသော်လည်း အထူးအခွင့် အရေးကို ဒီဆန္ဒနယ်မြေများအား ပေးခြင်းသည် မသမာမှုများကို ပိုမို ဖြစ်စေ နိုင်ပြီး ရွေးကောက်ပွဲလေ့ လာသူများကို လေ့လာခွင့်မရခြင်းသည် ပိုပြီး စိုးရိမ်စရာဖြစ်စေပါသည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment