Tuesday, November 24, 2015

မြန်မာနှင့် အစ္စရေး စစ်ဘက်ဆိုင်ရာကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်တွင် အတည်ပြုချက်ယူ



မြန်မာနှင့်အစ္စရေးနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် နိုဝင်ဘာ ၂၃ရက်နေ့က ကျင်းပသည့်  ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက်ရယူသည့် အဆိုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော် တင်သွင်းခဲ့သည်။


မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနနှင့် အစ္စရေးနိုင်ငံကာကွယ်ရေး ၀န်ကြီးဌာနတို့အကြား ကာကွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာကို   မြန်မာနိုင်ငံဘက်မှ လက်မှတ်ရေး  ထိုးနိုင် ရေးအတွက် လွှတ်တော်သို့ အတည်ပြုချက် ရယူခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးက ပြည်ထောင်စုလွှတ်တော်ရှင်းလင်းတင်ပြခဲ့သည်။

နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုငံစစ်ဘက်တပ်ဖွဲ့များ အပြန် အလှန်လေ့ကျင့်ရေးနှင့်လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများ တွင် အကူအညီပေးရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော် ကလွှတ်တော်တွင် ရှင်းပြသည်။

ယင်းအဆိုကို နိုဝင်ဘာ၂၅ရက်နေ့တွင်ကျင်းပပြုလုပ်မည့်ပြည်ထောင်စုလွှတ်တော်ဆွေးနွေးမည်ဖြစ်သည်။   


Credit To >>> Mizzima News 

0 comments:

Post a Comment