Friday, November 27, 2015

ဒီချုပ်က နိုင်ငံအုပ်ချုပ်ရေးတွင် နိုင်နင်းမည့် အနေအထားရှိဟု သူရဦးရွှေမန်းမှတ်ချက်ပြု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံ့ဦးဆောင်ပါ တီတစ်ရပ်အဖြစ် အုပ်ချုပ်ရေး ကိစ္စများတွင်နိုင်နင်းစွာ ဆောင် ရွက်နိုင်မည့် အနေအထားရှိ ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆင်ဟွာသတင်း ဌာနနှင့် တွေ့ဆုံခန်း၌ ပြောကြား သည်။

‘‘တချို့ကတော့ မြင်တာ ပေါ့။ အခက်အခဲတွေရှိနိုင်တယ်။ သူတို့ဆီမှာ ဒီလိုအုပ်ချုပ်ရေးအ တွက် အတွေ့အကြုံတွေမရှိဘူး။ ဒီလိုဆိုသော်လည်း  စနစ်တကျ ဖွဲ့စည်းသွားမယ်ဆိုလို့ရှိရင် NLD ကလည်း  နိုင်ငံ့ဦးဆောင်ပါတီတစ် ရပ်အနေနဲ့ အုပ်ချုပ်ရေးကိစ္စတွေ မှာ နိုင်နိုင်နင်းနင်း ဆောင်ရွက် သွားနိုင်မယ့် အနေအထားရှိပါ တယ်။ ဒီဟာမှာ NLD ပါတီအနေ နဲ့ တခြားပါတီများ၊ တခြားနိုင်ငံ ရေးအဖွဲ့အစည်းများနှင့် နိုင်ငံ့အကျိုးအတွက်ဆိုရင် ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ အယူအဆ ရှိတယ်ဆိုရင် ပို၍ လုပ်ငန်းတွေအ ဆင်ပြေသွားနိုင်တယ်လို့  ယူဆပါ တယ်’’ဟု သူရဦးရွှေမန်းက ဖြေ ကြားသည်။
ဒီချုပ်က အနိုင်ရပါတီဖြစ်၍ အစိုးရဖွဲ့သည့်အခါ နိုင်ငံသား များကောင်းကျိုးချမ်းသာဖြစ်စေ သော မူဝါဒများ ချမှတ်လိမ့်မည် ဖြစ်ပြီး ယင်းမူဝါဒများကို အစိုးရ အဖွဲ့နှင့်လွှတ်တော်က အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် နောက်ကြောင်း ပြန် လှည့်မည့်ကိစ္စကို ပူပန်စရာမလို ကြောင်း သူရဦးရွှေမန်းက ဆင် ဟွာသို့ ဖြေကြားသည်။
‘‘တကယ်လို့ နောက် ကြောင်းပြန်လှည့်မယ်ဆိုရင်ကျွန် တော်တို့ ဖော်ဆောင်ခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး စနစ်ဖြစ်တော့မှာမဟုတ်ဘူး။ အဲ ဒီလိုဆိုရင် ကျွန်တော်တို့ မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းမှုမရှိသ လို ဖွံ့ဖြိုးတိုးတက်မှုရှိလာမှာမ ဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပူပန်မှု မရှိကြပါနဲ့လို့ ကျွန်တော်ပြောချင် ပါတယ်’’ဟု သူရဦးရွှေမန်းက ပြောသည်။
ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သမ္မ တ၊ ပြည်ထောင်စုလွှတ်တော်နာ ယက၊ တပ်ချုပ်တို့နှင့်တွေ့ဆုံခွင့်  တောင်းခဲ့သည့်အနက် သူရဦးရွှေ မန်းက အစောဆုံးလက်ခံတွေ့ဆုံ ခဲ့သူဖြစ်သည်။
 သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပြီး လေးနာရီခန့်အကြာ၌လက်မှတ်ရေးထိုးထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင် ရေး၊ အစဉ်မပြတ်ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး၊ အထွေ ထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူများ၏ရွေးချယ်တာဝန် ပေးမှုကို ဆက်လက်အကောင်အ ထည်ဖော်ရေးအပါအဝင် အချက် ငါးချက်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နောက်တစ်ကြိမ် သက်တမ်းအတွက် လွှတ်တော် များဖွဲ့စည်းရာတွင် အမျိုးသားပြန် လည်သင့်မြတ်ရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိစ္စရပ် များ အလေးထားဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ် များ၊ အခြားအရေးကြီးလုပ်ငန်း တာဝန်များဆောင်ရွက်ရာ၌ အပြန်အလှန်ယုံကြည်လေးစားပြီး  သဟဇာတဖြစ်သော အစဉ်အလာကောင်းများချမှတ်နိုင်ရေး စသည့်အချက်များ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်သည် ရွေး ကောက်ပွဲအပြီး နောက်နှစ်ပတ်အ တွင်း သုံးကြိမ်အထိ သီးသန့်တွေ့ဆုံခဲ့ကြသည်။
သူရဦးရွှေမန်းသည် ပြည် ခိုင်ဖြိုးပါတီပူးတွဲဥက္ကဋ္ဌရာထူးမှ ရွေးကောက်ပွဲမတိုင်မီက ဖယ်ရှား ခံခဲ့ရခြင်းသည် လွှတ်တော်သက် တမ်းအတွင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်ရင်းနှီးသောဆက်ဆံရေး ရှိခြင်းသည်လည်း  အကြောင်းရင်း တစ်ချက်ဟု နိုင်ငံရေးအကဲခတ် များက သုံးသပ်ကြသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment