Friday, November 27, 2015

ဒေါက်တာညိုညိုသင်းက ပြိုင်ဘက် ဦးထွန်းမြင့်နှင့် မြို့နယ်ဒီချုပ် ဒုဥက္ကဋ္ဌတို့ကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်


 ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း မိမိ၏ ဂုဏ်သိက္ခာနှင့် လက်ရှိရပ်တည်ချက်ကိုပါ ထိပါးစေသည့်အချက်များ ဖြန့်ဝေခဲ့ သောကြောင့် ဗဟန်းပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်နှင့် မြို့နယ် NLD ဒုဥက္ကဋ္ဌ ဦးစိုးညွန့်တို့ကို ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင် ကြားထားကြောင်း ယင်းမဲဆန္ဒ နယ်၌ တစ်သီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
ဗဟန်းမြို့နယ် အောင်နိုင် ရေးအထူးတာဝန်ခံ ဦးစိုးညွန့် ကိုယ်တိုင် ရေးသားဖြန့်ဝေသည့် ‘ဘာကြောင့် ဦးထွန်းမြင့်ကို မဲပေး ရပါသလဲ’ လက်ကမ်းစာစောင် တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ဗဟန်းမြို့နယ် ဒီမိုကရက်တစ်ပါတီ အောင်နိုင်ရေးအတွက် ပါတီဥက္ကဋ္ဌ ဦးသုဝေအား ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပြီး ထိုစဉ်က ယင်းပါတီမှ ရွေးချယ်ခံခဲ့သူများဖြစ်သည့် ဒေါ်ညိုညိုသင်းနှင့် ဦးမြင့်ကြည်တို့မှာ မိမိတို့အားပေးထောက်ခံမှုဖြင့် တိုင်းဒေသကြီး လွှတ်တော်သို့ရောက်ရှိကာ ထင် ပေါ်ကျော်ကြားသူများ ဖြစ်လာကြောင်း ရေးသားထားသည်။
‘‘ရွေးကောက်ပွဲ မဲဆွယ် ကာလမှာ ဦးစိုးညွန့်ဝေခဲ့တဲ့ စာ အုပ်ထဲမှာပါတဲ့ အချက်တချို့က စွပ်စွဲရေးသားချက်တွေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်တီ တို့အောင်နိုင်ရေးအတွက် ၁၀ သိန်းလှူတယ်လို့ပါတယ်။ တကယ်တော့ အဲဒီတုန်းက အန်တီက ကိုယ့်ငွေနဲ့ကိုယ် ရွေးကောက်ပွဲဝင်ခဲ့တာ။ ဘယ်သူ့ဆီကမှ လက်ခံခဲ့တာမရှိဘူး။ အဲဒီအချက်ကြောင့် အများအမြင်မှာ ဝေဝါးမှုတွေဖြစ်နိုင်ပြီး လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ရပ်တည်ချက်ကိုတောင် ထိခိုက်လာစေနိုင်တယ်’’ ဟုဒေါက်တာညိုညိုသင်းက ပြောသည်။
အထက်ပါပုဂ္ဂိုလ်များကို ယခုလ ၂၂ ရက်က ဗဟန်းမြို့နယ် ရဲစခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်သည့်ကိစ္စဖြင့် အမှုဖွင့်အရေးယူရန် တိုင်ကြားခဲ့ကာ လိုအပ်သော သက်သေအထောက်အထားများ ပေးအပ်ခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြော သည်။
‘‘ကျွန်တော်တို့ကို သက်ဆိုင် ရာ ရဲစခန်းက တရားဝင်အ ကြောင်းကြားထားတာ မရှိသေး ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆက် သွယ်မေးမြန်းချက်အရ ဒေါက် တာညိုညိုသင်းက လာတိုင်ထား တာတော့ မှန်တယ်။ ရွေးကောက် ပွဲဥပဒေပုဒ်မ ၅၈(ဃ)နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အမှုကိုစစစ် ဖို့ တရားလိုကို အရင်စစ်ပြီးမှ ကျွန်တော်တို့ကို အကြောင်းကြားမှာလို့ ပြောတယ်’’ဟု ယင်းမဲဆန္ဒနယ် တွင် အနိုင်ရရှိခဲ့သူ NLD လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့် က ပြောသည်။
အထက်ပါကိစ္စရပ်သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလဖြစ်သည့် အောက်တိုဘာ အတွင်းမှာပင် ရွေးကောက်ပွဲဆိုင် ရာ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် ယင်းအဖွဲ့ကတစ်ဖက်ကိုယ်စားလှယ်လောင်း များအားဖြေရှင်းရန် ညှိနှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းခဲ့ ခြင်းမရှိသောကြောင့် ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ရခြင်းဖြစ် ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
‘‘သူတို့ဘက်က ကျွန်မကို ဒီလိုစွပ်စွဲရေးသားထားတာ မှား ယွင်းကြောင်း တရားဝင်တောင်း ပန်ရင် ဒီအမှုကို ရုပ်သိမ်းပေးမယ်။ အောက်တိုဘာကတည်းက ဒီ ကိစ္စတွေဖြစ်ပေမယ့် NLD ပါတီ ကြီးရဲ့ အောင်နိုင်ရေးကို ထိခိုက် မှာစိုးလို့ ဒီအချိန်ထိ စောင့်ခဲ့တာ ပါ။ ပြည်သူတွေ တရားမဲ့ပြုကျင့် ခံရမှုက ကာကွယ်ပေးမယ်လို့ ကြွေးကြော်ထားတဲ့ ကျွန်မက အခု ကိုယ်တိုင်တရားမဲ့ပြုကျင့်ခံနေရ တာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။
‘‘ဒေါ်ညိုညိုသင်းကတော့ အမှုကို ခိုင်မာအောင်တည် ဆောက်ဖို့ တာဝန်ရှိတယ်။ ပြီး တော့မှ သူ့ရဲ့စွပ်စွဲချက်တွေအပေါ် မူတည်ပြီး ကျွန်တော်တို့က ဖြေရှင်းရမှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ တရားဥပဒေကြောင်း အရ ရင်ဆိုင်သွားဖို့ပဲ ရှိပါတယ်’’ ဟု ဦးထွန်းမြင့်က ပြောသည်။

Credit To >>>> 7Day News 

0 comments:

Post a Comment