Friday, November 20, 2015

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဟု သတင်းထွက်ပေါ်

 ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၉ ရက် ညဦးပိုင်းတွင် တွေ့ဆုံခဲ့ ကြောင်း သတင်းများထွက်ပေါ်ခဲ့    သည်။

အဆိုပါသတင်းမှာ ဦးသန်း ရွှေ၏ မြေးဖြစ်သူ နေရွှေသွေး အောင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ‘ဒီနေ့ည သမိုင်းတွင် မယ့် ညတစ်ည’ဟု နိုဝင်ဘာ ၁၉ ရက်ည ၇ နာရီကျော်၌ ရးသား ထားခြင်းကို ခန့်မှန်းကြရာမှ တစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ‘သမိုင်းတွင်မယ့် ညတစ်ည’ဆို သည် မှာဦးသန်းရွှေ နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခြင်းဖြစ် ပါသလားဟု 7Day က ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မေးမြန်းမှုကို ‘လုံးဝမ ဟုတ်ပါဘူးခင်ဗျာ’ဟု  နေရွှေသွေး အောင်က ပြန်လည် ဖြေကြား သည်။
ထိုသတင်းထွက်ပေါ်ခြင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများတွင်ရော၊ နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင်ပါ ယမန်နေ့ညက လူပြောများခဲ့ပြီး  စိတ် ဝင်စားမှုအလွန်များခဲ့သည်။ နေပြည်တော် အခြေစိုက် သတင်းသမားအချို့ နေပြည်တော်ရှိ ဦး သန်းရွှေ၏နေအိမ်အနီးသို့ ယမန် နေ့ညနေက သွားရောက်စောင့် ဆိုင်းကာ သတင်းယူခဲ့ကြသော် လည်း မည်သည့်ထူးခြားမှုမှမရှိဟု 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
ထို့အပြင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ် အနီးသို့ သွားရောက်စောင့်ဆိုင်း သတင်းယူသော 7Day သတင်း ထောက်များကလည်း မည်သည့်  ထူးခြားမှုမှ မရှိဟု သတင်းပေးပို့ သည်။
ထို့ကြောင့် အဆိုပါသတင်းမှန်၊ မမှန်အပေါ် 7Day က သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ရွေးကောက်ပွဲတွင်အပြတ်အ သတ်အနိုင်ရရှိထားသော ဒီချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းနှင့် သီးသန့် တွေ့ဆုံခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် နိုင်ငံတကာမှ သံအမတ်၄၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရန် စာပို့ထားပြီး၊ သမ္မတ ရုံးနှင့် တပ်မတော်ဘက်မှ ရွေး ကောက်ပွဲလုပ်ငန်းစဉ်များပြီးဆုံး ချိန်တွင် ညှိနှိုင်းတွေ့ဆုံမည်ဟု အကြောင်းပြန်ထားသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment