Tuesday, November 24, 2015

ရုရှားတိုက်လေယာဉ် ဆီးရီးယား- တူရကီနယ်စပ်တွင် ပျက်ကျ

ရုရှားတိုက်လေယာဉ် ဆီးရီးယား- တူရကီနယ်စပ်တွင် ပျက်ကျ
ဆူခွိုင်း Su -24 အမျိုးအစား ရုရှားတိုက်လေယာဉ်တစီး ဆီးရီးယား – တူရကီ နယ်စပ်တွင် ပျက်ကျသွားကြောင်း  ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ အဆိုပါလေယာဉ် ဆီးရီးယား လေပိုင်နက်၌ အမြင့် မီတာ ၆၀၀၀ တွင် ပျံသန်းနေခြင်းဖြစ်ပြီး၊ လေယာဉ်မှူးမှာ လေယာဉ်ပျက်မကျမီ လေထီးဖြင့် ခုန်ဆင်းနိုင်ခဲ့ကြောင်း၊ လေယာဉ်မှာမူ မြေပြင်သို့ ပျက်ကျကာ မီးလောင်ကျွမ်းသွားသည်ဟုလည်း သိရသည်။

ကနဦး သတင်းများအရ အဆိုပါလေယာဉ်သည် မြေပြင်မှ သေနတ်ဖြင့် ပစ်ချခံရသည်ဟုလည်း ဆိုသည်၊ ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက လေယာဉ်ပျက်ကျမှုကို စုံစမ်းနေကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကတည်းကစတင်ကာ ပါလီမန်၏ ခွင့်ပြုချက်ဖြင့် ရုရှားလေတပ်သည် ဆီးရီးယားနိုင်ငံရှိ IS ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

Credit To >>> Irrawaddy News 

0 comments:

Post a Comment