
မည်သည့်နေရာတွင်မဆို သယ်ဆောင်သွားနိုင်ပြီး မည်သည့် screen နှင့်မဆို
အသုံးပြုနိုင်သည့် Kangaroo ဟုခေါ်သော ၉၉ ဒေါ်လာတန် Windows 10 portable PC
တစ်မျိုးကို InFocus မှ မိတ်ဆက်ပေးခဲ့သည်။
၎င်း portable ကွန်ပျူတာသည်
ဈေးသက်သာသော ပုံမှန်အရွယ်အစား ကွန်ပျူတာတစ်လုံး၏ စွမ်းဆောင်ရည်နှင့်
ဆဲလ်ဖုန်းတစ်လုံးကို အလွယ်တကူ သယ်ဆောင်သွားနိုင်ခြင်းဖြင့်
အသုံးပြုနိုင်သည်။
အဆိုပါ အနက်ရောင် အလူမီနီယံ ထုတ်ကုန်တွင် Intel
Cherrytrail (Z8500) SOC, 2GB RAM, 32GB သိုလှောင်မှု ပမာဏနှင့် လေးနာရီကြာ
သုံးနိုင်မည့် on-board ဘက်ထရီတို့ ပါဝင်သည်။ MicroSDXC အထောက်အပံ့ကြောင့်
သိုလှောင်မှုပမာဏကို 128GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။
သီးသန့်တည်ရှိသော Kangaroo Dock တွင် HDMI port တစ်ခုနှင့် USB port နှစ်ခု
ပါဝင်သည်။
InFocus ကမူ Kangaroo သည် ကမ္ဘာ့ အသေးငယ်ဆုံး portable
desktop ကွန်ပျူတာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ အလေးချိန်သည် ၂၀၀
ဂရမ်သာရှိပြီး အရွယ်အစားက ၁၂၄ x ၈၀.၅ x ၁၂.၉ မီလီမီတာဖြစ်သည်။ အထူက ၁၂.၉
မီလီမီတာဖြစ်ပြီး ဈေးကွက်ထဲရှိ အရွယ်ကြီးမားသော phablet များ၏ အရွယ်အစား
နီးပါးခန့်ရှိသည်။
Windows 10 Home Edition ဖြင့် အသုံးပြုနိုင်ပြီး
အင်တာနက်အသုံးပြုခြင်း၊ office file များဖြင့် အလုပ်လုပ်ခြင်း၊ မီဒီယာများ
stream ပြုလုပ်ခြင်းနှင့် အခြား ကိစ္စရပ်များကို အဆင်ပြေလွယ်ကူစွာ
ပြုလုပ်နိုင်သည်။ အချက်အလက် လုံခြုံမှုအတွက် စိုးရိမ်ရန်မလိုဘဲ built-in
fingerprint scanner ဖြင့် ကာကွယ်ထားနိုင်သည်။
Kangaroo ကို ယခုအခါ Newegg.com တွင် ရရှိနိုင်ပြီး နိုဝင်ဘာလ လယ်တွင် Microsoft Store မှ ရောင်းချမည် ဖြစ်သည်။
Credit To >>> Internet Journal
Tuesday, October 27, 2015
"စမတ်ဖုန်း အရွယ်ခန့်သာရှိသည့် ၉၉ ဒေါ်လာတန် Windows 10 portable ကွန်ပျူတာ"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment