Thursday, October 29, 2015

ယာဉ်ပေါ်မှ သစ်များနှင့်ကျောက်စိမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် လားရှိုးမြို့နယ် ခေးနင်းအေးရှားဝေါလ်တိုးဂိတ်တွင် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)မှ တပ်ဖွဲ့ဝင်များ၊ နောင်မွန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးရေး ဆောင်ရွက်နေစဉ် အောက်တိုဘာ ၂၅ ရက်က သီပေါမှ လားရှိုးသို့ မူဆယ်မြို့ မြောက်ရပ်ကွက်နေ ဇော်မင်းခိုင်(၃၉)နှစ် မောင်းနှင်ပြီး မူဆယ်မြို့ စက်မှုရပ်ကွက်နေ မင်းဇော်(၃၈)နှစ် လိုက်ပါလာသော 7E/--- Odyssey ယာဉ်အား ရပ်တန့် ရှာဖွေခဲ့သည်။
ယာဉ်ပေါ်မှ တရားမဝင် ယင်းတိုက်သစ် ဓားရွေတုံး သုံးတုံး (သုည ဒသမ ၁၇၅ဝ တန်)၊ ထောက်ကြံ့သစ် ဓားရွေတုံး ခြောက်တုံး (သုည ဒသမ ၁၃၄၆ တန်)နှင့် အဆိုပါ သစ်များအောက်မှ ဝှက်၍ သယ်ဆောင် လာသော ကျောက်စိမ်းတုံး၊ ကျောက်ပြား အလေးချိန် ၁၃၆ ပိဿာ ၆ဝ ကျပ်သား ခန့်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းခိုင်နှင့် မင်းဇော်တို့နှစ်ဦးအား နောင်မွန် နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Credit To >>> ပြည်မြန်မာ 

0 comments:

Post a Comment