အမေရိကန် ကလေးသူငယ် ကုသရေး အကယ်ဒမီ (AAP) သည် ကလေးငယ်များ၏
ဉာဏ်ရည်တိုးတက်မှုကို စမတ်ဖုန်းနှင့် iPad များက မထိခိုက်နိုင်ကြောင်း
သုတေသန စစ်တမ်းတစ်ခုဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်တမ်းသည်
မေလတွင် ကျောင်းဆရာများ၊ ကလေး အထူးကု ဆရာဝန်များ၊ ဦးနှောက်နှင့် အာရုံကြော
သိပ္ပံပညာရှင်များ၊ မီဒီယာ သုတေသီနှင့် လူမှုရေးသိပ္ပံ ကျွမ်းကျင်သူများနှင့်
အချက်အလက်များသည် “Growing Up Digital: Media Research Symposium” ဟု
အမည်ရသည့် ပွဲအတွင်း ပညာရှင်များက ကလေး ငယ်များ စမတ်ထုတ်ကုန် အသုံးပြုရာမှ
ရရှိသည့် အကျိုးကျေးဇူးနှင့် အန္တရာယ်များနှင့် ပတ်သက်သော အမြင်များကို
တင်ပြသွားခဲ့သည်။
လက်ရှိ အခြေအနေတွင် ကလေးငယ်နှင့် အရွယ်ရောက်ပြီး
သူများသည် စမတ်ဖုန်းနှင့် tablet များကို အသုံးပြုလျက်ရှိကြသည်။ စစ်တမ်းအရ
၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၃ နှစ်အောက် ကလေးငယ် သုံးပုံတစ်ပုံခန့်၏
အိပ်ခန်းတွင် တီဗီတစ်လုံးရှိကြောင်း၊ ၆ နှစ်အရွယ် ကလေးငယ် ၇၅
ရာခိုင်နှုန်းမှ ၁၇ နှစ်အရွယ် ကလေးငယ်များ၏ အိပ်ခန်းအတွင်း အနည်းဆုံး screen
တစ်ခုရှိကြောင်း စစ်တမ်းအရသိရသည်။ “ဒီဂျစ်တယ် ဖျော်ဖြေရေး မီဒီယာသည်
ကိုယ့်ကိုကိုယ် ထိန်းချုပ်ခြင်းနှင့် အခက်အခဲများ ဖြေရှင်းသည့်
အရည်အသွေးများဖြစ်သော ဦးနှောက်စွမ်းရည်ကို ပြီးပြည့်စုံအောင်
ကူညီပေးနိုင်ပြီး လမ်းကြောင်းများစွာကို နားလည်သဘောပေါက်စေကာ ကလေးငယ်များ၏
စွမ်းရည်ကို တိုးတက်စေမည်ဖြစ်ကြောင်း AAP ၏စစ်တမ်းတွင် ဖော်ပြထားသည်။
ပညာရှင်များက မိဘများအနေဖြင့် ကလေးငယ်များအား iPad ကို လွတ်လပ်စွာ
အသုံးပြုခွင့် ပေးထားနိုင်သော်လည်း အုပ်ထိန်းသူများ၏ နေရာတွင်အစားထိုးရန်
အသုံးမပြုသင့်ကြောင်း အကြံပေးထားသည်။
Credit To >>> Internet Journal
Tuesday, October 27, 2015
" စမတ်ဖုန်းနှင့် iPad က ကလေးငယ်များ၏ ဉာဏ်ရည်တိုးတက်မှုကို မထိခိုက်ဟု ပညာရှင်များ ပြောကြား"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment