Telenor
သည် ၎င်းတို့၏ မိုဘိုင်းဖုန်းကို ငွေဖြည့်သွင်းနိုင်မည့် မော်တော်ယာဉ် တက္ကစီ
အစီး ၃၀၀ ကို ဈေးကွက်အတွင်း ထပ်မံဖြည့်သွင်း၍ e-load စနစ်ကို
စတင်လိုက်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံး
အတိုင်းအတာအနေဖြင့် မော်တော်ယဉ် အစီးပေါင်း ၄,၀၀၀ ကို မိုဘိုင်းဖုန်းဘီလ်
ဖြည့်သွင်းနိုင်သည့် အရောင်းဆိုင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု
သိရပြီး လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ၌ Telenor ၏ အထိုင်
ဘီလ်အရောင်းဆိုင်ပေါင်း ၅ သောင်းကျော်ရှိသည်ဟု သိရသည်။
မော်တော်ယာဉ်အစီး ၃၀၀ ဖြင့် ငွေဖြည့်သွင်းနိုင်မည့် ယာဉ်များထားရှိခြင်းကို
ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် အခြားသော ဒေသများသို့ ရောက်ရှိလာရန်
ရည်ရွယ်ထားပြီး ပထမဦးဆုံးသော အစီအစဉ်ကို ရန်ကုန်မြို့၌ ၎င်းတို့၏ Customer
First Day နှင့် ပူးတွဲကျင်းပခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ရဲ့
ဖြန့်ချိရေးကွန်ရက်က အခုဆိုရင် ဖြန့်ချိသူ ၁၁၄ ယောက် ရှိပါတယ်။
အရောင်းဆိုင် နေရာတွေကတော့ ၅၀,၀၀၀ ကျော်နေပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့
ပဲခူးမှာ သွက်လက် လှုပ်ရှားနေတဲ့ မြို့ပြ လူနေမှုပုံစံကို ပြည့်စုံစေမယ့်
ရွေ့လျားအရောင်းဆိုင်တွေ ဖြစ်သွားအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်” ဟု
Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။
Telenor သည်
Customer First Day ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား၊
ကျောက်ဆည်၊ ကျိုက်ထို၊ မော်လမြိုင်၊ မြဝတီ၊ မြိတ်၊ မကွေး၊ မြစ်ကြီးနား၊
တောင်ကြီးနှင့် ပုသိမ် စသည့် မြို့ပေါင်း ၃၁ မြို့တို့တွင်လည်း
ကျင်းပခဲ့ခြင်း ဖြစ်သည်။
Credit To >>> Internet Journal
Monday, October 19, 2015
Telenor မိုဘိုင်းဖုန်းဘီလ်ကို ရွေ့လျားမော်တော်ယာဉ် ၃၀၀ ပေါ်မှာ ဖြည့်သွင်းနိုင်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment