Friday, October 9, 2015

လွှတ်တော်ရုပ်သံလိုင်းကို အထွေထွေရွေးကောက်ပွဲ ၂၀၁၅ အထူးတင်ဆက်မှု ရုပ်သံလိုင်းအဖြစ် စတင်ထုတ်လွှင့်ပြသ

SKY- NET ရုပ်သံလိုင်းတစ်ခုဖြစ်သည့် လွှတ် တော်ရုပ်သံလိုင်းတွင် အထွေထွေရွေး ကောက်ပွဲ ၂၀၁၅ (Myanmar Election 2015) အထူးတင်ဆက်မှုအစီအစဉ်များ ကို စတင်ထုတ်လွှင့်နေ ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အထွေထွေရွေး ကောက်ပွဲ ၂၀၁၅ အထူးတင်ဆက်မှု ရုပ်သံလိုင်းကို အောက်တိုဘာ ၈ ရက်မှ စတင်ကာ ၂၄ နာရီ ထုတ်လွှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် မြန်မာတစ်နိုင်ငံလုံး၌ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအကြို နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၏ မဲဆွယ်စည်းရုံးမှုသတင်းများ၊ မဲဆန္ဒ ရှင်ပြည်သူများ၏အသံများ၊ ပညာရှင် များနှင့် ကျွမ်းကျင်သူများ၏ သုံးသပ်ဝေ ဖန်ချက်များ၊ မဲဆန္ဒရှင်များ သိရှိနား လည်ရန်လိုအပ်သည့် သတင်းအချက် အလက်များ၊ ရွေးကောက်ပွဲပါတီ အသီး သီးအတွက် သိကောင်းစရာများ၊ လွှတ် တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက် များနှင့် တွေ့ ဆုံမေးမြန်းမှုများစသည်တို့ကို စုစည်းပြီး ထုတ်လွှင့်ပြသ လျက်ရှိနေကြောင်း သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment