Friday, October 9, 2015

ခြောက်လအတွင်း ကျောက်စိမ်းနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု လျော့ကျ

ယခုနှစ်ဧပြီမှ စက်တင် ဘာ ၂ ရက်အထိ ခြောက်လတာ ကာလအတွင်း ပို့ကုန်တင်ပို့မှုတွင် ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကျောက်စိမ်းပါဝင်သည့် သတ္တု တွင်းထွက်တင်ပို့ခြင်းနှင့် သဘာ ၀ဓာတ်ငွေ့ပါဝင်သည့် စက်မှုကုန် ချောတင်ပို့ခြင်းတို့တွင် လျော့ နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

ပြည်ပနိုင်ငံများသို့ ယခု ဘဏ္ဍာနှစ် ခြောက်လတာကာလ အတွင်း ပို့ကုန်တင်ပို့မှုပမာဏကို ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်း ယှဉ်ပါက ဒေါ်လာသန်းလေးရာ ခန့် လျော့နည်းနေကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
‘‘တရုတ်မှာ စီးပွားရေးကျ ဆင်းတဲ့အတွက် ဒီမှာ ကျောက် စိမ်းဝယ်ယူတာနည်းသွားတယ်။ ၀ယ်ရင်လည်း တန်ဖိုးနည်းနဲ့ အ လယ်အလတ်ကျောက်တွေကို မ၀ယ်တော့ဘူး။ သန်းဂဏန်း ကျောက်တွေကို ၀ယ်လာကြ တယ်’’ဟု ကျောက်စိမ်းကုန်သည် တစ်ဦးက ပြောသည်။
ပြည်ပနိုင်ငံများသို့ မြန်မာ နိုင်ငံမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန် ချောပစ္စည်းနှင့် အခြားပို့ကုန်များ တင်ပို့လျက်ရှိပြီး သတ္တုတွင်း ထွက်တင်ပို့ခြင်း၊ စက်မှုကုန်ချော တင်ပို့ခြင်းနှင့် အခြားပို့ကုန်တင်ပို့ ခြင်းတို့တွင် ယခုခြောက်လအ တွင်းပို့ကုန်လျော့နည်းခြင်းဖြစ် သည်။ ထိုသို့ပို့ကုန်တင်ပို့မှုလျော့ နည်းခြင်းနှင့် ကုန်သွယ်မှုလိုငွေပြ နေခြင်းများသည် တိုင်းပြည်၏ စီး ပွားရေးကျဆင်းနေခြင်းကို ဖော်ပြ နေကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်သည်။
ကျောက်စိမ်းတင်ပို့ခြင်းနှင့် သဘာဝဓာတ်ငွေ့တင်ပို့ခြင်း လျော့နည်းသွားသော်လည်း တစ်လကြာခန့်တင်ပို့ခြင်း ရပ်နားထား သည့် ဆန်တင်ပို့မှုမှာ လျော့နည်းခြင်းမရှိကြောင်း ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ပြောသည်။
‘‘ပို့ကုန်ကဏ္ဍမှာ လျော့နည်း နေတာက နှစ်လလောက်ရှိပြီ။ ဒါ ကို ဌာနက ပြန်သုံးသပ်ဖို့ လုပ်နေ တယ်။ ဆန်မလျော့ဘူးဆိုတာက တင်ပို့မှုမရပ်နားခင်က တန်ချိန် ခြောက်သိန်းကျော်အထိ တင်ပို့ ထားတာကြောင့်ပါ’’ဟု ကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး တစ်ဦးကပြောသည်။
ယခုကဲ့သို့ ခြောက်လအ တွင်း ပို့ကုန်လျော့နည်းနေခြင်းက ကုန်သွယ်မှုအရ ဖြစ်လေ့ဖြစ်ထရှိ ပြီး တစ်နှစ်လုံးကုန်သွယ်မှုအခြေအနေထွက်ရှိလာမှသာ ပို့ကုန်လျော့နည်းနေသည့်အကြောင်းကို ပြန်လည်သုံးသပ်နိုင်မည်ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ထိုသို့ပို့ကုန်ပမာဏလျော့ နည်းနေသကဲ့သို့ ပြည်ပနိုင်ငံများ မှ ပြန်လည်တင်သွင်းသည့် သွင်း ကုန်ကဏ္ဍတွင်လည်း ပြီးခဲ့သည့် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၄၇၀ ကျော်လျော့ နည်းနေကြောင်း ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။
သွင်းကုန်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု ကုန်ပစ္စည်းကဏ္ဍ၊ လုပ် ငန်းသုံးပစ္စည်းကဏ္ဍနှင့် လူသုံး ကုန်ပစ္စည်းကဏ္ဍဟု ကဏ္ဍသုံးခု ခွဲထားပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တင်သွင်းခြင်းနှင့် လူသုံးကုန် ပစ္စည်းတင်သွင်းခြင်းတို့တွင် လျော့နည်းနေခြင်းဖြစ်သည်။
ခြောက်လတာ ကာလအ တွင်း ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှုပမာဏမှာ ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံခန့် နှင့် သွင်းကုန်ကဏ္ဍမှဒေါ်လာ ၇ ဒသမ ၈ ဘီလီယံခန့်ရရှိပြီး ကုန် သွယ်မှုလိုငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများ အရသိရသည်။
 
 
Credit To >>> 7Day News

0 comments:

Post a Comment