တောင်ကြီး၊ အောက်တိုဘာ ၇- အင်းလေးကန်အတွင်း နှစ်ပေါင်းများ
စွာအနည်တင်ကျန်နေသောနွံများ အား ဆယ်ယူရေးလုပ်ငန်းတွင် အသုံး ပြုနိုင်ရေး
ကျပ်သိန်းတစ်သောင်းခွဲတန်ဖိုးရှိသော နုန်းမှုတ်စက်များကို နယ်သာလန်နိုင်ငံမှ
မှာယူထားကြောင်း သိရှိရသည်။
အင်းလေးကန်အတွင်းရှိ နုန်း များဆယ်ယူမှုလုပ်ငန်းကို ဆည်မြောင်း ဦးစီးဌာနက
ဇုန်(၅)ခုခွဲကာ ဆောင်ရွက် လျက်ရှိပြီး ဇုန်(၄)ဧရိယာဖြစ်သည့်
ငါးဖယ်ချောင်းတွင်(၃)မိုင်ခန့် ဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့လိုအပ်နေတဲ့မှုတ် စက်တွေ နယ်သာလန်နိုင်ငံကနေ သမ္မတကြီးက
မှာပေးထားပြီဆိုတာ ကျွန်တော်တို့ကို ဒီတစ်ခေါက်သတင်း စကားပါးလာတာရှိပါတယ်။
ပြည်နယ် အစိုးရက သိန်း ၆၀၀၀၊ သမ္မတကြီး ရဲ့ အလှူငွေက သိန်း ၄၀၀၀ နဲ့ ကျန်
တဲ့လုပ်ငန်းရှင်တွေရဲ့အလှူငွေကသိန်း ၅၀၀၀ နဲ့ဆောင်ရွက်မယ်။ အမြန်
ဆုံးရောက်လာတော့မယ်လို့ ကြားပါ တယ်။ ဒီအတွက်လည်း အင်းတိုင်းရင်း သူ၊
တိုင်းရင်းသားများကိုယ်စား ဝမ်း မြောက်မိပါတယ်''ဟု ဒေသခံ ကိုအောင်
ကျော်နိုင်က ပြောသည်။
အင်းလေးကန်၏ အဓိကနုန်း ဆည်ကန်များဖြစ်သည့်
သာစည်ကန်၊ နဒီကန်များတွင် စက်ယန္တရားများ အသုံးပြု၍ တူးဖော်ဆောင်ရွက်ပေး
ခဲ့ကာ မြေကြီးကျင်းပေါင်း နှစ်သိန်း ခွဲကို ဆယ်ယူနိုင်ခဲ့ပြီး ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူးဦးဝင်းတင့်ထံမှ သိရသည်။
''အင်းလေးကန်ဆိုတာ ဒယ်အိုး
ကြီးလိုပဲပေါ့။ မိုးတွင်းရေများတဲ့အ ချိန် အင်းလေးကန်နှုတ်ခမ်းအထိ
ရေရောက်သလိုပဲ။ နွေရာသီရေကျ ချိန်မှာတော့ အင်းလေးကန်ရဲ့ ကန်
စပ်ကရွာတွေကတော့ ရေကျကောင်း ကျမယ်။ ဒါပေမဲ့ အင်းလေးကန်ရဲ့ အဓိက
ဖောင်တော်ဦးသွားတဲ့လမ်း ကြောင်းကတော့ ကျွန်တော်တို့ဌာန အနေနဲ့
အမြဲတမ်းထိန်းသိမ်းမှာဖြစ် ပါတယ်''ဟု လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝင်းတင့်က
ပြောသည်။
အင်းလေးကန်အတွင်းမှ နုန်း များဆယ်ယူရန် ယခုနှစ်ဇွန်လအတွင်း
က သမ္မတ၏အင်းလေးခရီးစဉ်တွင် တင်ပြခဲ့ကြခြင်းဖြစ်ကာ အင်းလေး
ကန်ရေရရှိရေးနှင့် ထိန်းသိမ်းရေးအ တွက် လိုအပ်ချက်များကို ဆောင်ရွက်
ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက် ရန်ကျန်ရှိနေသည့် လုပ်ငန်းများကို
ယခုအောက်တိုဘာ ၂ ရက်က ထပ် မံရောက်ရှိစဉ် ဆွေးနွေးခဲ့ကြောင်းကို လည်းသိရသည်။
Credit To >>> Democracy News
Thursday, October 8, 2015
အင်းလေးကန်မှနုန်းများ ဆယ်ယူနိုင်ရေး နယ်သာလန်မှ နုန်းမှုတ်စက်များ မှာယူထားဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment