ယနေ့ခေတ်၏ ပထ၀ီဝင်နိုင်ငံရေးအန္တရာယ်များတွင် အာဖရိက အနောက်မြောက်
မာဂရက်ဒေသ မှ အာဖဂန်နစ္စဂန် - ပါကစ္စတန်နိုင်ငံ နယ်စပ်အထိ
ရှည်လျားသောစက်ဝိုင်းခြမ်းတွင် ဖြစ်နေသော မတည်ငြိမ်မှုထက် ကြီးကျယ်သော
အရာမရှိပေ။ အာရပ်နွေဦး တဖြည်းဖြည်းဝေးကွာလာခြင်းနှင့်အတူ
ယင်းစက်ဝိုင်းခြမ်းတစ်လျှောက် မတည်ငြိမ်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
လစ်ဗျားမှာ ကျရှုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ အီဂျစ်နိုင်ငံက
အာဏာရှင်အုပ်ချုပ်ရေးဆီ ပြန်ရောက်သွားသည်။
တူနီးရှားအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်နေ့တခြားစီးပွားရေး၊
နိုင်ငံရေးမတည်မငြိမ်ဖြစ်လာသည်။
မြောက်အာဖရိကမှ မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများသည်ယခုအခါ
ဆာဟာရတစ်ပိုင်းအာဖရိက ဒေသသို့ပါ ပျံ့နှံ့လာသည်။ ကမ္ဘာ့အဆင်းရဲဆုံးနှင့်
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဒဏ်အများဆုံးခံစားနေရသော ဆာဟယ်ဒေသတွင်လည်း
ဂျီဟတ်ဝါဒလက်သီးဆုပ်အတွင်း ရောက်ရှိနေသည်။ ဂျီဟတ်ဝါဒမှာ
အာဖရိကဦးချိုဘက်သို့ပါ စိမ့်ဝင်ပျံ့နှံ့နေသည်။
လစ်ဗျားနိုင်ငံမှာကဲ့သို့ပင် အီရတ်၊ ဆီး ရီးယား၊ ယီမင်နှင့် ဆိုမာလီယာ
နိုင်ငံတို့တွင်လည်း ပြည်တွင်းစစ်များ ဖြစ်ပေါ်နေပြီး တစ်နေ့တခြား
ကျရှုံးနိုင်ငံများ (Failed States) ဖြစ်လာနေပုံပေါ်သည်။
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက လစ်ဗျား၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယားနှင့်
အခြားနေရာများတွင် အစိုးရပြောင်းလဲရေး ကြိုးပမ်းမှု၏ ကူညီမီးထိုးမှုနှင့်အတူ
ဖြစ်ပေါ်လာသော ဒေသမတည်ငြိမ်မှုများမှာ ယခင်က လုံခြုံမှုရှိသော
နိုင်ငံများကိုပါ ခြိမ်းခြောက် နေသည်။ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်များက
တစ်ရှိန်ထိုးဝင်ရောက်မှုက ဂျော်ဒန်နှင့် လက်ဘနွန် ယခုအခါတူရကီနိုင်ငံကိုပါ
မတည်မငြိမ်ဖြစ်လာစေခဲ့သည်။
ထိုအတောအတွင်း အစ္စရေး နှင့် ပါလက်စတိုင်းကြား ပဋိပက္ခ
မဖြေရှင်းရသေးမီမှာပင် ဂါဇာမှဟားမားစ်အဖွဲ့နှင့် လက်ဘနွန်မှ
ဟစ်ဘိုလာအဖွဲ့တို့သည် အစ္စရေးနှင့် ပြင်းထန်သော တိုက်ခိုက်မှုအတွက်
ခြိမ်းခြောက်မှုအဖြစ်ရှိနေ သည်။
ဤကဲ့သို့ လှုပ်လှုပ်ရှားရှား ဒေသပတ်ဝန်းကျင်မှာပင် ဆွန်နီ
ဆော်ဒီအာရေးဗီးယားနှင့် ရှီးဟိုက် အီရန်တို့ကြား ဒေသတွင်း သြဇာ
လွှမ်းမိုးမှုအတွက် ကိုယ်စားရုန်းကန်မှုများမှာ အီရတ်၊ ဆီးရီးယား၊ ယီမင်၊
ဘာရိန်းနှင့် လက်ဘနွန် တို့တွင် ပြင်းထန်စွာ အသုံးတော်ခံ နေသည်။ မကြာမီက
အီရန်နိုင်ငံ နှင့် ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်မှာ နျူပြန့်ပွားမှု
အန္တရာယ်ကို လျှော့ချကောင်း လျှော့ချနိုင်မည်ဖြစ်သော်လည်း အီရန်အပေါ်
စီးပွားရေးပိတ်ဆို့ တားဆီးမှုများ ဖယ်ရှားပေးလိုက် ခြင်းမှနေ၍
အီရန်ခေါင်းဆောင် များအတွက် ၎င်းတို့၏ ရှီးဟိုက်
လက်ကိုင်တုတ်အဖွဲ့များအားဘဏ္ဍာရေးအထောက်အပံ့ ပေး အပ်နိုင်မည်ဖြစ်သည်။
အရှေ့ဘက်သို့ ဆက်သွားပါက (တာလီဘန်အာဏာပြန်ရလာနိုင်သော) အာဖဂန်နစ္စတန်နှင့်
(ပြည်တွင်းအစ္စလာမ်မစ်များက လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်နေသော)
ပါကစ္စတန်နိုင်ငံတို့မှာ တစ်စိတ်တစ်ပိုင်းကျရှုံး နိုင်ငံများ ဖြစ်လာနိုင်သော
အန္တ ရာယ်ရှိသည်။
သို့သော်လည်း ထူးခြားစွာပင်ယင်းဒေသတွင် မီးဟုန်းဟုန်း တောက်လောင်မှု
စတင်နေသော်လည်း ရေနံဈေးနှုန်းများ ထိုးကျ နေသည်။ အတိတ်ကာလတွင်မူ ယင်းဒေသ
ပထ၀ီဝင်နိုင်ငံရေး မတည်ငြိမ်မှုမှနေ၍
ကမ္ဘာလုံးဆိုင်ရာစီးပွားကျကပ်သုံးကြိမ်တိုင်ဖြစ် ပေါ်ခဲ့သည်။ ၁၉၇၃
အစ္စရေးနှင့် အာရပ်နိုင်ငံများ စစ်ပွဲအပြီးတွင် ရေနံဈေးနှုန်း သုံးဆခုန်တက်၍
အလုပ်လက်မဲ့နှုန်းမြင့်မားမှုနှင့် ငွေကြေးဖောင်းပွမှု မြင့်မားသော
မတည်ငြိမ်မှုဖြစ်ခဲ့သည်။ ၁၉၇၉ အီရန်တော်လှန်ရေးနောက်ပိုင်းတွင်လည်း
အလားတူမတည်ငြိမ် မှုများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အီရတ်က ကူဝိတ်ကို
ကျူးကျော်မှုအပြီးတွင်လည်း ရေနံဈေး နှုန်းများ မြင့်တက်ကာ ၁၉၉၀- ၁၉၉၁
အမေရိကန်နှင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားကျကပ်ဖြစ်စေခဲ့ သည်။
ယခုတစ်ကြိမ်တွင် အရှေ့ အလယ်ပိုင်းမတည်ငြိမ်မှုမှာ ပိုမို၍
ကြီးမားကျယ်ပြန့်သော်လည်း ရေနံဈေးနှုန်းအပေါ် အကြောက်တရား
ပရီမီယံကြေးရှိလာပုံမရပေ။ ယင်း နှင့် ဆန့်ကျင်စွာ ရေနံဈေးနှုန်းများ
ထိုးကျခဲ့သည်။ အဘယ်ကြောင့်နည်း။
အရေးကြီးဆုံး အကြောင်းအရင်းတစ်ခုမှာ အတိတ်ကာလနှင့်မတူ
ယခုတစ်ကြိမ်အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုမှာ ရေနံထုတ် လုပ်မှု
ကျဆင်းမသွားခြင်းဖြစ်သည်။ ယခုအခါအိုင်အက်စ်အဖွဲ့က ထိန်းချုပ်ထားသော အီရတ်
ဒေသအချို့မှာပင် ရေနံထုတ်လုပ် မှု ဆက်ရှိနေသည်။ ရေနံများ ခိုးထုတ်၍
နိုင်ငံခြားဈေးကွက်များ တွင် မှောင်ခိုရောင်းချကြသည်။ အီရန်၏
ရေနံတင်ပို့မှုများ ပိတ် ပင်ထားမှုများ တစ်ဆင့်ချင်းဖယ် ရှားသွားမည်ဖြစ်ရာ
ထုတ်လုပ်မှု၊ နိုင်ငံခြားတင်ပို့မှု တိုးမြှင့်ရေး နိုင်ငံ
ခြားရင်းနှီးမြှုပ်နှံမှု ပိုများလာမည် ဖြစ်သည်။
အမှန်တကယ်တော့ ကမ္ဘာ ပေါ်တွင် ရေနံများ ပိုလျှံနေသည်။ အမေရိကန်တွင်
ကုန်းတွင်း ကျောက်လွှာရေနံထုတ်လုပ်မှု တော်လှန်ရေး၊ ကနေဒါ၏ ရေနံသဲ များနှင့်
မက္ကဆီကိုနိုင်ငံတွင် ကုန်း တွင်းနှင့် ကမ်းလွန်ရေနံထုတ်လုပ် မှု
အလားအလာများက မြောက် အမေရိကတိုက်အတွက် အရှေ့ အလယ်ပိုင်းရေနံအပေါ် မှီခိုမှု
နည်းလာခဲ့သည်။ ထို့အပြင် တောင်အာဖရိကတိုက်တွင်လည်း ကိုလံ ဘီယာမှ
အာဂျင်တီးနားနိုင်ငံအထိ ကျယ်ပြန့်သော အရန်စွမ်းအင် များ ပိုင်ဆိုင်ထားသည်။
အာဖရိ ကအရှေ့ပိုင်းကင်ညာမှ မိုဇမ်ဘစ် အထိ အလားတူအရန်စွမ်းအင် များရှိနေသည်။
အမေရိကန်နိုင်ငံသည် စွမ်းအင် အမှီအခိုကင်းမှုရရှိတော့မည်ဖြစ်ရာ
အမေရိကန်နှင့် မဟာမိတ်များက အရှေ့အလယ်ပိုင်းဒေသ တွင် မဟာဗျူဟာအရ
အရေးပါမှုနည်းလာသည်ဟု ယူဆလာနိုင် သော အန္တရာယ်ရှိသည်။ ယင်းယူဆချက်မှာ
စိတ်ကူးယဉ်ခြင်းဖြစ်သည်။ မီးဟုန်းဟုန်းတောက်နေ သော အ ရှေ့အလယ်ပိုင်းဒေသမှာ
ကမ္ဘာကြီးအား ဘက်ပေါင်းစုံ မတည်မငြိမ်ဖြစ်စေနိုင်ပါသည်။
ပထမအချက်အနေဖြင့် ယင်းပဋိပက္ခအချို့သည် ၁၉၇၃၊ ၁၉၇၉ နှင့် ၁၉၉၀
ပြည့်နှစ်များကကဲ့သို့ အမှန်တကယ်ရေနံတင်ပို့မှုပြတ် တောက်မှုများဆီ
ဦးမတည်သေး ခြင်းဖြစ်သည်။ ဒုတိယအချက်အ နေဖြင့် လူသန်းပေါင်းများစွာကို
ဒုက္ခသည်ဖြစ်သွားစေသော ပြည် တွင်းစစ်များသည် ဥရောပတိုက် ကို စီးပွားရေးအရ၊
နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်စေပြီး ထိုမှတစ် ဆင့် ကမ္ဘာ့စီးပွားရေးကို
ပြင်းထန် စွာ ရိုက်ခတ်နိုင်ခြင်းဖြစ်သည်။ ယင်းအပြင် ဒုက္ခသည်သန်းပေါင်း
များစွာကို လက်ခံထားရပြီး ဖိစီးမှု အများအပြားရှိနေပြီဖြစ်သော လက်ဘနွန်၊
ဂျော်ဒန်နှင့် တူရကီ ကဲ့သို့ ရှေ့တန်းနိုင်ငံများ၏ စီးပွား ရေးနှင့်
လူ့အဖွဲ့အစည်းများအ တွက် အန္တရာယ်ပိုမိုကြီးမားလာ သည်။
တတိယအချက်အနေဖြင့် သန်းပေါင်းများစွာသော အာရပ် လူငယ်များအတွက်
အချိန်ပိုမိုကြာမြင့်စွာ မျှော်လင့်ချက်မဲ့၍ ဆင်းရဲ ဒုက္ခများကြောင့်
ဂျီဟတ်မျိုးဆက် သစ်ကို ထွက်ပေါ်လာစေပါလိမ့်မည်။ ဂျီဟတ်များကလည်း ၎င်းတို့၏
စိတ်ဆင်းရဲမှုအတွက် အ နောက်တိုင်းကို အပြစ်တင်ကြပြီး အချို့ကလည်း ဥရောပနှင့်
အမေ ရိကန်သို့ ၀င်ရောက်၍ အကြမ်း ဖက်တိုက်ခိုက်မှုများ မလွဲမသွေ
လုပ်ဆောင်ကြပါလိမ့်မည်။
ယင်းအတွက် အနောက် တိုင်းအနေဖြင့် အရှေ့အလယ်ပိုင်း ကို
လျစ်လျူရှုခဲ့ပါလျှင် သို့မဟုတ် ပါကလည်း အရှေ့အလယ်ပိုင်း ပြဿနာများကို
ဖြေရှင်းရန် သံတ မန်ရေးကို အားကိုးခြင်း(သို့) အလုပ်အကိုင်နှင့်
ဖွံ့ဖြိုးမှုဖန်တီးရေး ဘဏ္ဍာရေးရင်းမြစ်များကို အားကိုးခြင်းထက်
စစ်ရေးနည်းလမ်းကို သာ အားကိုးအားထားပြုခဲ့ပါက ယင်းဒေသမှ မတည်ငြိမ်မှုများ
ပို ၍သာ ဆိုးရွားလာပါလိမ့်မည်။
ထိုကဲ့သို့သော ရွေးချယ်မှုမှာ အမေရိကန်နှင့် ဥရောပ ယင်းနှင့်အတူ
ကမ္ဘာ့စီးပွားရေးကို နောင်လာမည့် ဆယ်စုနှစ်များစွာ ခြောက်လှန့်နေပါလိမ့်မည်။
Credit To >>> 7Day News
Friday, October 9, 2015
အရှေ့အလယ်ပိုင်း အရည်ပျော်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment