Tuesday, October 20, 2015


MPU ကတ်ဖြင့် ငွေပေးချေမှုစနစ်များ တိုးချဲ့ဆောင်ရွက်နေကြောင်း MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။
အခွန်ထမ်းများအနေဖြင့် MPU ကတ်မှတစ်ဆင့် အခွန်ငွေပေးချေခြင်း၊ MPU ကတ်မှတစ်ဆင့် တယ်လီဖုန်းဘီလ် ဖြည့်ပေးခြင်း အစ ရှိသည့် ဆောင်ရွက်ချက်များကို အကောင်အထည် ဖော်လျက် ရှိကြောင်း သိရသည်။

“လက်ရှိ MPU နဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေသလဲ ဆိုတော့ အခွန်ထမ်းတွေ အခွန်ငွေတွေ ပေးလို့ရအောင် ကျွန်တော်တို့ လုပ်နေတဲ့ အပိုင်း ရှိတယ်။ နောက်ပြီးတော့ သီလဝါ စက်မှုဇုန်က ရင်းနှီးမြုပ်နှံသူတွေကလည်း အစိုးရကို ပေးရမယ့် Payment တွေပေါ့နော်၊ အကုန်လုံးကိုလည်း MPU ကနေ ပေးလို့ရအောင် လုပ်နေတယ်” ဟု ပြောကြားသည်။
MPU ကတ်များအား လက်ရှိတွင် ပြည်ပသို့ ယူဆောင်အသုံးပြု၍ မရနိုင်သေးကြောင်း၊ ပြည်ပသို့ သွားရောက်ပါက ယူဆောင်အသုံးပြုနိုင်ရန် MPU ၏ Co Brand တစ်မျိုးကို ထုတ်ရန်ရှိကြောင်း ပြောကြားသည်။
“နောက်တစ်ခုကတော့ တယ်လီဖုန်းဘီလ်တွေနဲ့ Aoto Topup ပေါ့။ အဲလိုမျိုး ဂျိုင်ရိုစနစ်ကိုလည်း လုပ်နေတယ်။ ဂျိုင်ရိုစနစ်ဆိုတာက Minimun Banlance ၅၀၀ ရှိတယ်ဆိုရင် Customer က ၅၀၀ ရောက်သွားတာနဲ့ ၅,၀၀၀ လုပ်ပေးပါဆိုရင် ကတ်ထဲမှာ ပိုက်ဆံရှိရင် အော်တို ၅,၀၀၀ ဖြည့်ပေးမယ်။ ကတ်ထဲကထုတ်ပြီးတော့ ဖုန်းဘီလ်ထဲကို ဖြည့်ပေးတဲ့ဟာမျိုးပေါ့ ” ဟု ဆက်လက် ပြောကြားသည်။
MPU ကတ်များကို ပြည်တွင်း၌ ရန်ကုန်၊ မန္တလေး စသည့် မြို့ပေါ်နေရာ များတွင် အသုံးပြုမှုများကြောင်း၊ အခြားငွေပေးချေမှု စနစ်များကိုလည်း MPU မှပေးချေနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လက်ရှိ MPU ကတ်များကို ပြည်တွင်း POS (Point of sale) များ အသုံးပြုမှု များလာစေရန် ဈေးကွက် ချဲ့ထွင်နေကြောင်း ပြောကြားသည်။
MPU ကတ်များကို ATM, POS နှင့် ecommerce တို့တွင် အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊ MPU အဖွဲ့ဝင် ဘဏ်ပေါင်း ၂၃ ဘဏ်ရှိကြောင်း သိရသည်။ MPU ကတ် အသုံးပြုနိုင်မှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

Credit To >>> Internet Journal News 

0 comments:

Post a Comment