လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ
ဆန္ဒမဲရလဒ်များအား နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင်
စတင်ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည် ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
ဦးတင်အေးကပြောသည်။
အောက်တိုဘာ ၂၀ ရက် က Park Royal Hotel တွင်
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (MJA) ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့်တွေ့ဆုံ
စဉ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြော
ကြားခဲ့ခြင်းဖြစ်သည်။
ဦးတင်အေးက ''ရွေးကောက်ပွဲနောက် ဆုံးအတည်ပြု
မဲရလဒ်တွေ ကိုတော့ ရွေး ကောက်ပွဲကျင်းပပြီး သုံးပတ်ခန့်အကြာမှာ
ကြေညာနိုင်ဖို့ စီစဉ်ထားပါတယ်''ဟုဆိုသည်။
မြန်မာနိုင်ငံသတင်းစာဆရာ
အသင်း မှ ရွေးကောက်ပွဲကာလ အတွင်း ဒေသန္တရ အဆင့်ရွေးကောက်ပွဲကော်မရှင်များ
အဆင့်အထိ မီဒီယာများ၏မေးမြန်း မှုများကို ဖြေကြားပေးနိုင်ရန်နှင့် MJA
အနေဖြင့် သတင်းမီဒီယာ လုပ်ငန်းများ ဆောင်ရွက်ခြင်းသာမက ရွေးကောက်
ပွဲလေ့လာစောင့် ကြည့်မှုကိုပါ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း အသင်းနာ
ယကများ၊ အမှုဆောင်များက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအား တွေ့ဆုံဆွေးနွေးစဉ်
ပြောကြားခဲ့ ကြောင်းသိရသည်။
ဦးတင်အေးက ''ရွေးကောက် ပွဲ
ကျင်းပမယ့်နေ့မှာ သတင်းမီဒီယာ သမားများ သတင်းရယူနိုင်ရေး
အဆင်ပြေချောမွေ့စေဖို့အတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် သွားမှာပါ။
လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
သတင်းမီဒီ ယာများကလဲ ကျင့်ဝတ်များနဲ့အညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါ
တယ်''ဟုဆိုသည်။
ရွေးကောက်ပွဲကျင်းပမည့်နေ့ တွင် နိုင်ငံတကာမှ
စောင့်ကြည့်လေ့ လာသူများကိုသာမက အာဆီယံ နိုင်ငံများမှ
ရွေးကောက်ပွဲကော်မရှင် များကို လာရောက်လေ့လာစောင့် ကြည့်ကြရန်
ဖိတ်ခေါ်ထားကြောင်း ယင်းက ဆက်လက်ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်အနေဖြင့် မဲပေးလို သည့် မဲဆန္ဒရှင်များအားလုံး မဲပေး နိုင်စေရန်
ရွေးကောက်ပွဲကျင်း ပမည့်နေ့ရက် နီးကပ်လာချိန်တွင် ''မဲဆန္ဒရှင်
သက်သေခံလက်မှတ်''များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy News
Wednesday, October 21, 2015
၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များ နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် စတင်ကြေညာပေးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment