Tuesday, October 27, 2015

ကော့ကရိတ်တွင် BGF နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

 ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအနီးတွင် အောက်တိုဘာ ၂၆ ရက် နံနက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
BGF နှင့် ဒီကေဘီအေမှ ခွဲ ထွက်ထားသည့် နားမကြားလက် နက်ကိုင်အဖွဲ့တို့ ရန်ကုတ်ကျေး ရွာအနီး တောင်သုံးလုံးစခန်း၌ နံနက် ၉ နာရီ မိနစ် ၄၀ မှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားချိန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်ဟု ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဒေသခံများက ပြောသည်။
နားမကြားအဖွဲ့ (ဒေသအ ခေါ်)မှ လက်နက်ကိုင်နှစ်ဦးက တောင်သုံးလုံးစခန်းတွင် မိုင်း ထောင်နေသည်ကို တွေ့ရှိသော ကြောင့် ပစ်ခတ်မှုစတင်ဖြစ်ပွား ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲ၌ နှစ် ဖက်ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) မှ သတင်းရရှိ သည်။
အာရှလမ်းမကြီး မြ၀တီ- ကော့ကရိတ်လမ်းပိုင်း မဖွင့်လှစ် မီ ပြီးခဲ့သည့် ဇူလိုင်အတွင်းက မြန်မာ့တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့နှင့် ဒီကေဘီအေမှ ခွဲထွက်ထားသည့် နားမကြားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားကာ ဒေသတွင်း လုံခြုံရေးအတွက် BGF က အချိန်ပြည့် တာဝန်ယူထားကြောင်း သတင်းရရှိသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment