Tuesday, October 27, 2015

သီတင်းကျွတ်လပြည့်နေ့တွင် MPT ဖုန်းများ SMS အခမဲ့ပို့နိုင်မည်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် သီတင်း ကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၈ ရက်)တွင် တစ်ရက်လုံးမက် ဆေ့ခ်ျ (SMS)အခမဲ့ပေးပို့နိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။

အဆိုပါအစီအစဉ်မှာ MPT ၏ မိုဘိုင်းဖုန်းအမျိုးအစားများဖြစ် သည့် GSM/WCDMA နှင့် CDMAသုံးစွဲသူများ  အားလုံးပါဝင်ပြီး ယင်းမိုဘိုင်းဖုန်းအချင်းချင်း ဖုန်းနံပါတ်တစ်ခုကို မက်ဆေ့ခ်ျ၂၈စောင်အထိ ပေးပို့နိုင်သည်။
 ‘‘သီတင်းကျွတ်ပွဲတော်ဆို တာက ဂါရဝပြုရတဲ့အချိန်၊ ချစ် ခင်ရတဲ့လူတွေကို နှုတ်ခွန်းဆက် ရတဲ့အချိန်ပါ။ အဲဒါကြောင့် MPT သုံးစွဲသူတွေအနေနဲ့ ဒီသီတင်း ကျွတ်လပြည့်ရက်မှာ စာတိုတွေ အခမဲ့ပေးပို့ရင်း သူတို့ချစ်ခင်သူ တွေကို နှုတ်ခွန်းဆက်နိုင်အောင် လို့ MPT က ကူညီပေးချင်ပါ တယ်’’ဟု MPT-KSGM Joint Operations ၏ Chief Executive Officer Mr.Takashi Nagashimaက ပြောသည်။

သီတင်းကျွတ်ကာလ အ ထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် မက်ဆေ့ခ်ျ အခမဲ့အစီအစဉ်မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၀၀း၀၀ နာရီမှ ၂၉ ရက် ၀၀း၀၀ နာရီအထိ သက်တမ်းရှိမည်ဟု MPT က ကြေညာထားသည်။
MPT ၏ စုစုပေါင်းအသုံးပြု သူ ၁၆ သန်းတွင် ဆွေသဟာ အသုံးပြုသူ ၁၀ သန်းနှင့် မူလ အတိုင်းအသုံးပြုသူ ခြောက်သန်း ရှိကာ ဆွေသဟာအသုံးပြုများ အား တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၃ ကျပ်၊ မက်ဆေ့ခ်ျတစ်စောင်လျှင် ၁၀ ကျပ်နှင့် အင်တာနက် အသုံးပြုခ 1MB လျှင် ၆ ကျပ်နှုန်း ကောက်ခံနေသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment