အစိုးရကအကောင်အထည်ဖော်နေသော မြစိမ်းရောင်စီမံကိန်းသည် ပြည်သူများအတွက်
နိုင်ငံတကာမှ ပေးထားသောငွေများကို ပြည်သူများအား
ပြန်ချေးနေခြင်းသာဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၅
ရက်လုပ်ခဲ့သည့် ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင်
ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည် ပနိုင်ငံများမှ ချေးယူထားသော ကြွေးမြီများ
မည်မျှရှိသနည်းဟု ကျုံဒရယ်ကျေးရွာ ပြည်သူတစ်ဦး၏ မေးမြန်းမှုကို
ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒီချေးငွေတွေကို ဘယ်လို သုံးသလဲဆိုတာက အင်မတန်မှ အရေးကြီးပါတယ်။
တစ်ခါတ လေ ချေးငွေတွေကို သုံးတာဟာ ပြည်သူလူထု အကျိုးအတွက် ထက် အစုအဖွဲ့
တစ်ခုအတွက် ဂုဏ်ရရှိရေးပေါ့နော်။ အဲဒါအ တွက် သုံးတာတွေတွေ့ရပါတယ်။
ဥပမာဆိုလို့ရှိရင် မြစိမ်းရောင်စီမံ ကိန်းပေါ့။ လိုက်ပြီးတော့ ငွေတွေ
ချေးနေတာ။ ဒါလည်း တကယ် တော့ ပြည်သူတွေအတွက် ပေး ထားတဲ့ ငွေတွေကို
ပြန်ပြီးတော့ ပြည်သူတွေကို ချေးတာပဲ ဖြစ်ပါ တယ်ဆိုတာ အများသိအောင်
ကျွန်မရှင်းပြချင်ပါတယ်။ သိပ်ပြီး တော့ အထင်မကြီးပါနဲ့။ ချေးတဲ့ ငွေဆိုတာ
ပြန်ပေးရမှာပဲ။ ဒီဘ၀ မှာ ဘာမှအလကားမရဘူး။ အဲဒါ ကို ကျွန်မတို့
ပြည်သူတွေသိစေ ချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
မြစိမ်းရောင်စီမံကိန်းကို မွေး မြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
ခြောက်ခုအပါအ၀င် ပြည်နယ်၊ တိုင်းဒေ သကြီး ၁၄ ခုနှင့် နေပြည်တော်
ကောင်စီနယ်မြေတို့ရှိ ကျေးရွာ ပေါင်း ၁,၁၅၀ ရွာတွင် စီမံကိန်း၊
ရန်ပုံငွေစုစုပေါင်း ကျပ် ၃၄ဒသမ ၅ ဘီလီယံ သုံးစွဲမည်ဟု ပြီးခဲ့ သည့်နှစ်
ဧပြီလ ၁ ရက်က ပြုလုပ် ခဲ့သည့် စီမံကိန်းတာဝန်ပေးအပ် ပွဲတွင်
ဝန်ကြီးဦးအုန်းမြင့်ကပြော ကြားခဲ့သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အရင်းမပျောက်လှည့်ပတ်ရန်ပုံငွေဖြင့်
ကျေးရွာတစ်ရွာလျှင် ကျပ် သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု
ဆိုခဲ့သည်။
ထို့နောက် ယခုနှစ်တွင် မြ စိမ်းရောင်စီမံကိန်းကို နိုင်ငံတော်
ဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း သုံး သောင်းအထိ တိုးချဲ့ဆောင်ရွက် မည်ဟု
မွေးရေကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၂၀၁၅ ဇွန်လ ၁၁ ရက်တွင်
ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ
ခင်ဇော်က ပြောသည်။
ကမ္ဘာ့ဘဏ်၏ စာရင်းအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီမှာ ကန်ဒေါ်လာ ၇
ဘီလီယံကျော်ရှိ နေသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစိုးရ အသုံးစရိတ်လိုငွေမှာ ကျပ်
၃,၆၀၀ ဘီလီယံကျော် ရှိကြောင်း တရားဝင်စာရင်းများ၌ တွေ့ရသည်။
‘‘ကျွန်မတို့နိုင်ငံက ချေးထား တဲ့ ကြွေးတွေမှ အများကြီးပဲ။ ချေးထားတာက
အစိုးရ၊ ပြန်ဆပ်ရမှာ က ပြည်သူဆိုတာ သဘောပေါက် ပါ’’ဟု အတိုက်အခံခေါင်းဆောင် က
ပြောကြားသည်။
အနေဖြင့် အစိုးရ ဖွဲ့နိုင်ပါက ပညာရေး၊ ကျန်းမာရေး စနစ်ပြောင်းလဲရန်၊
အလုပ်အကိုင်ဖန်တီးရန် ကြိုးပမ်းမည်ဟု ပါတီဥက္ကဋ္ဌက၎င်း၏ မဲဆန္ဒနယ်တွင်
ပြောကြားသည်။ နိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးပြဿနာကို
အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ပြီး စီမံကိန်းများလုပ်သည့် အခါတွင်လည်း
ခိုးကြောင်ခိုးဝှက်မလုပ်ဘဲ ပြည်သူကို စီမံကိန်းအကြောင်း ကြိုတင်ချပြမည်ဟု
၎င်း၏ မဲဆန္ဒနယ်မှ ပြည်သူများအား ကတိပေးသည်။
‘‘ဆိုက်ကားသမား သူဌေး ဖြစ်ရမယ်၊ တောင်သူလယ်သမား သူဌေးဖြစ်ရမယ်လို့
ကျွန်မမပြော လိုပါဘူး။ ကျွန်မတို့ ပြောချင်တာ က ကျွန်မတို့ရဲ့ တောင်သူလယ်
သမားများဟာ ကိုယ့်ဘ၀ကိုယ်ထူ ထောင်နိုင်တဲ့၊ ကိုယ့်ဘ၀ကိုကိုယ့်
အရည်အချင်းနဲ့ ပြည့်စုံအောင် လုပ်နိုင်မယ့် အခွင့်အရေးတွေ၊ ပံ့
ပိုးမှုတွေကိုတော့ ကျွန်မတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြီး တော့
ထူထောင်ပေးချင်ပါတယ် လို့ ကျွန်မ ပြောချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က
ပြောသည်။
လှိုင်သာယာမြို့နယ်တွင် အ နယ်နယ်အရပ်ရပ်မှ လာရောက် ၍
အလုပ်အကိုင်ရှာဖွေနေသူများ များပြားမှု၊ အလုပ်အကိုင်ရှားပါး မှုကိုလည်း ၎င်းက
ထောက်ပြခဲ့ သည်။
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်များသည် လွန်ခဲ့သည့် သုံးနှစ်ကထက်
ပိုမိုများပြားလာနေပြီး ယင်းပြဿနာကို အစိုးရက ပစ်ပယ်ထားကြောင်း
အတိုက်အခံခေါင်းဆောင်က ကော့မှူးအရှေ့ခြမ်းဟောပြောပွဲ၌ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်
ကော့မှူးမြို့နယ်မှ နေ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာအတွက် ၀င်ရောက်
ယှဉ်ပြိုင်အနိုင်ရခဲ့သည်။
Credit To >>> Eleven Media Group
Tuesday, October 27, 2015
မြစိမ်းရောင်စီမံကိန်းမှာ ပြည်သူများအတွက် ပြည်ပမှ ချေးငွေကို ပြန်ချေးခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment