Thursday, September 10, 2015

ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက်ပြင်ဆင်မှု ၇၅ ရာခိုင်နှုန်းပြီးစီး လွတ်လပ်တရားမျှတစေရမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ထပ်မံကတိပြု

ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလစတင်သည့် စက်တင် ဘာ ၈ရက်တွင် ရွေးကောက်ပွဲကျင်းပ ရန်အတွက် ပြင်ဆင်မှုမှာ ၇၅ ရာခိုင် နှုန်းအထိပြီးစီးသွားပြီဖြစ်ပြီး ကျင်းပ မည့်ရွေးကောက်ပွဲမှာ လွတ်လပ်တရား မျှတစေရမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက ရန်ကုန်တိုင်မ်းဂျာနယ် သို့ ပြောသည်။

''အခု ကမ်ပိန်းစတယ်ဆိုတာနဲ့ ကျင်းပဖို့အတွက် ပြင်ဆင်တာ ၇၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ ကျင်းပ မယ့်နေ့ရောက်ရင် ကျင်းပပေးလိုက် ဖို့ပဲရှိတော့တယ်။ လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရမယ်။ အဲဒီအတွက်လဲ အားသွန်ခွန်စိုက် ကိုယ်တိုင် ဦးဆောင်ပြီးလုပ်နေတယ်'' ဟု ကော်မရှင်ဥက္ကဋ္ဌက စက်တင်ဘာ ၈ရက်တွင် ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ရွေးကောက်ပွဲကျင်းပရန် ရက် ပေါင်း ၆ဝသာလိုတော့သည့် အချိန်တွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် နာမည်ပါမပါကို စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်မည့် နောက်ဆုံးစာ ရင်းတွင် သွားရောက်ကြည့်ရှုပြီး မှား ယွင်းနေသည်များရှိပါက တစ်ပါတည်း ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ရန် ဦးတင်အေးက စက်တင်ဘာ ၂ရက် တွင် တိုက်တွန်းပြောဆိုထားသည်။
နိုဝင်ဘာ ၈ရက်တွင် ကျင်းပ မည့်ရွေးကောက်ပွဲမှာ နှစ်ပေါင်း၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံ တကာလေ့လာသူများ မျက်စိရှေ့တွင် ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲ လည်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း အများဆုံး ယှဉ်ပြိုင်ကြမည့်ရွေးကောက် ပွဲလည်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းကျင်းပမည့် ရွေး ကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူ အားလုံးမဲပေးနိုင်ရန် ဆိုသည့်ကိစ္စမှာ မဲစာရင်းတွင် ပါမပါဆိုသည့်အချက် မှာ အရေးကြီးကြောင်းနှင့် ပြည်သူ များကိုယ်တိုင် မဲတန်ဖိုးကို နားလည် ကြရန်လိုကြောင်း လေ့လာသူများ က ဆိုသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment