Thursday, September 10, 2015

ရန်ကုန် - ဘန်ကောက် အဲကွန်း နှစ်ထပ် ဘတ်စ်ကားကြီးများ နေ့ချင်း ရောက်ပြေးဆွဲမည်


 မြန်မာနိုင်ငံ ၏ ရန်ကုန်မြို့တော် နှင့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မြို့သို့ အဲကွန်းဘတ်စ်ကားကြီးများ အချိန် ၁၂ နာရီ ဖြင့် နေ့ချင်းရောက် ပြေးဆွဲ ပေးမည် ဟု သိရသည်။

ပထမတန်းစား အဲကွန်း နှစ်ထပ်ဘတ်စ်ကားကြီး များတွင် ခရီးသည် ၁၂၀ ဆံ့ပြီး တစ်ဦးလျှင် ငွေကျပ် သုံးသောင်း နှင့် နိုင်ငံခြားသားတစ်ဦးလျှင် US$ 40 နှုန်းသတ်မှတ်ပြီး ကားအစီးရေ ၂၀ ဖြင့် တစ်ရက်ခြားစီ ပြေးဆွဲ မည် ဖြစ်သည်။
ရန်ကုန်- သထုံ -ဘားအံ-ကော့ကရိတ်-မြ၀တီ-မဲဆောက်-ဘန်ကောက် - ရန်ကုန် ခရီးစဉ်ကို Yangon Air-Bus-Taxi လိုင်းသစ်မှ ၂၀၁၄ ခုနှစ် မြန်မာ- ထိုင်း နှစ်သစ်ကူးပွဲတော် အမှီ ပြေးဆွဲသွားရန် ပြင်ဆင် လျှက်ရှိသည် ။
ပထမတန်းစား အဲကွန်း နှစ်ထပ်ဘတ်စ် ကားကြီးများ သည် မြန်မာနိုင်ငံ
အတွင်း ၇န်ကုန် ၊ မန္တလေးမြို့ကြီး များ မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းနိုင်သော နှစ်ထပ်ဘတ်စ်ကား လိုင်း ဖြစ်ပြီး အဝေးပြေးမော်တော်ယာဉ် ခရီးစဉ်လိုင်းကားများ အတွက်လည်း ပိုမို ထိရောက်သော အဲယားကွန်း နှစ်ထပ်ဘတ်စ်ကားကြီးများ ဖြစ်သည် ။
ယင်းအဲကွန်းနှစ်ထပ်ဘတ်စ်ကားကြီးများ ကို ၇န်ကုန်မြို့ ကမ်းနားလမ်း ကျန်းမာရေးဆိပ်ကမ်း ကားဝင်းအတွင်းမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ ၍ ဘားအံမြို့သို့ နံနက် ၁၀နာရီ ရောက်ရှိကာ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ ရောက်ရှိမည်ဖြစ်သည်။ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီ ရောက်ရှိပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီ စတင်ထွက်ခွာကာ ဘန်ကောက်မြို့သို့ ညနေ ၆နာရီတွင်ေ၇ာက်ရှိမည် ဖြစ်သည်။
အဲကွန်းနှစ်ထပ်ဘတ်စ်ကားကြီးများ ကို အောက်မြန်မာပြည် ရန်ကုန်မြို့ကို ဗဟိုပြု ၍ ရန်ကုန်-ဘားအံ-မြ၀တီ-မဲဆောက်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်
မြန်မာပြည်တောင်ပိုင်း ရန်ကုန်မြို့ကို ဗဟိုပြု ၍ ရန်ကုန်-ထားဝယ်-ထွီးခွီး-ကန်ချပူရီ-ဘန်ကောက်-ရန်ကုန် ခရီးစဉ် ၊
မြန်မာနိုင်ငံ တောင်ပိုင်း ရန်ကုန်မြို့ကို ဗဟိုပြု ၍ ရန်ကုန်-ထားဝယ်-မြိတ်- မောတောင်- ပရာချွတ် (ပကျွတ်) - ရန်ကုန် ခရီးစဉ်
မြန်မာပြည်တောင်ပိုင်း-ရန်ကုန် မြို့ကို ဗဟိုပြု ၍ ရန်ကုန်- ထားဝယ် - မြိတ် -ကော့သောင်း - ရနောင်း -ဟိုင်းဂျိုင်း - ပီနန်-ကွာလာလမ်ပူ- ရန်ကုန်ခရီးစဉ်
မြန်မာပြည်အထက်ပိုင်း ရန်ကုန်မြို့ ကို ဗဟိုပြု ၍ ရန်ကုန်-နေပြည်တော်-မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ-ယူနန်-ကူမင်း-ရန်ကုန် ခရီးစဉ်
မြန်မာပြည် အထက်ပိုင်း ရန်ကုန်မြို့ ကို ဗဟိုပြု ၍ ရန်ကုန်-နေပြည်တော်- မန္တလေး-မုံရွာ - ကလေး-တမူး-မိုးရေး-အင်ဖာလ်- ရန်ကုန် ခရီးစဉ် ၊
မြန်မာပြည် အထက်ပိုင်းရန်ကုန်မြို့ကို ဗဟိုပြု ၍ ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-ချင်းမိုင်-ဘန်ကောက်-ရန်ကုန်
ခရီးစဉ်များ အဖြစ် ပြေးဆွဲမည်ဖြစ်ကြောင်း CEO ဒေါ်စံပယ်ဖြူကျော်က ပြောကြားပါသည်။

Credit To >>> စိတ်လွင်ပြင်

0 comments:

Post a Comment